MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပြီးဆုံးရန် နီးကပ်လာပြီဖြစ်ပြီး ဂိုးသွင်းအများဆုံး ဆုအတွက် ဆောက်သမ်း၊ မြ၀တီနှင့် ရခိုင်ယူနိုက်တက်အသင်းတို့မှ ကစားသမားသုံးဦး အပြိုင်အဆိုင်ဖြစ်နေသည်။
သြဂုတ် ၁၅ ရက်က ကစားခဲ့သည့် (Week-19) ရွှေ့ဆိုင်းပွဲကျန် ပွဲစဉ်များကစားအပြီးတွင် ဆောက်သမ်းအသင်းမှ ဇော်ဝင်းနိုင်သည် သွင်းဂိုး ၁၆ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ပထမနေရာတွင် ရပ်တည်နေပြီး ဒုတိယနေရာတွင် မြ၀တီအသင်းမှ သက်ဝေမိုးက သွင်းဂိုး ၁၄ ဂိုး ဖြင့် ရပ်တည်နေသည်။ ဂိုးသွင်းအများဆုံး တတိယနေရာတွင် ရခိုင်ယူနိုက်အသင်းမှ သန်းကျော်ဋ္ဌေးက သွင်းဂိုး ၁၃ ဂိုးဖြင့် ရပ်တည်နေ သည်။
ဆောက်သမ်းအသင်းသည် လာမည့် သြဂုတ် ၂၀ ရက်တွင် MFF Youth အသင်းနှင့် (Week-24) ရွှေ့ဆိုင်းပွဲကျန် ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သလို သြဂုတ် ၂၆ ရက်တွင် ISPE(A) အသင်းနှင့်(Week-21) ရွှေ့ဆိုင်းပွဲကျန်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ ဆောက်သမ်းအသင်းသည် နောက်ဆုံးပွဲစဉ် (Week-26) တွင် မြ၀တီအသင်းနှင့် သြဂုတ် ၃၀ ရက်တွင် ကစားရမည်ဖြစ်သည်။
အလားတူ ပွဲစဉ် နှစ်ပွဲ ကစားရန် ကျန်ရှိနေပြီး သြဂုတ် ၂၃ ရက်တွင် ISPE(A) အသင်းနှင့် (Week-20) ရွှေ့ဆိုင်းလက်ကျန်ပွဲစဉ် ကစားရမည်ဖြစ်သည်။ သြဂုတ် ၃၀ ရက်တွင် နောက်ဆုံးပွဲစဉ်အဖြစ် စလင်းကွင်းတွင် ဆောက်သမ်းအသင်းနှင့် ကစားရန် ကျန်ရှိနေ သည်။ အလားတူ ရခိုင်ယူနိုက်တက်အသင်းသည်လည်း လက်ကျန်ပွဲစဉ်နှစ်ပွဲသာ ကျန်ရှိနေပြီး သြဂုတ် ၂၃ ရက်တွင် ရတနာပုံအသင်းနှင့် (Week-20) ရွှေ့ဆိုင်းလက်ကျန်ပွဲစဉ်အဖြစ် ကစားရမည်ဖြစ်သည်။ ရခိုင်ယူနိုက်တက်အသင်းသည် နောက်ဆုံးပွဲစဉ်အဖြစ် သြဂုတ် ၂၉ ရက် စလင်းကွင်းတွင် လက်ရှိချန်ပီယံ ဧရာဝတီအသင်းနှင့် ကစားရမည်ဖြစ်သည်။
သြဂုတ် ၁၆ ရက်နေ့အပြီး ယူ-၂၁ ဂိုးသွင်းအများဆုံး ငါးဦးစာရင်း
၁။ ဇော်ဝင်းနိုင်(ဆောက်သမ်း) ၁၆ ဂိုး
၂။ သက်ဝေမိုး(မြ၀တီ) ၁၄ ဂိုး
၃။ သန်းကျော်ဋ္ဌေး(ရခိုင်ယူနိုက်တက်) ၁၃ ဂိုး
၎။ ကျော်ထက်ပိုင်ဦး(ဟံသာဝတီ) ၁၂ ဂိုး
၅။ စအောင်ပြည့်ကို(ရှမ်းယူနိုက်တက်) ၁၂ ဂိုး