မင်းဇော်စိုး၏ သွင်းဂိုးတစ်ဂိုးတည်းဖြင့် ဟံသာဝတီကို အနိုင်ယူခဲ့သည့် ဇွဲကပင်

August 17, 2018

MPT Myanmar National League (U-19) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-22) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၁၇ ရက်(ယနေ့)ညနေက ကြည့်မြင်တိုင်မြို့နယ်ရှိ၊ စလင်းဘောလုံးကွင်းတွင် ဟံသာဝတီ ယူ-၂၁ အသင်းနှင့် ဇွဲကပင် ယူ-၂၁ အသင်းတို့ ကစားခဲ့ရာ ဇွဲကပင်အသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဇွဲကပင်အသင်းက ဦးဆောင်ဂိုးစတင်ရရှိရန် ဖိအားပေးကစားခဲ့သော်လည်း ဟံသာဝတီအသင်း၏ မာမာထန်ထန် တုံ့ပြန်မှုများကြောင့် ဂိုးရရှိရန် အခက်တွေ့ခဲ့သည်။ ဟံသာဝတီအသင်းသည်လည်း တန်ပြန်တိုက်စစ်မှ တစ်ဆင့် ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုး ပြုလုပ် နိုင်ခဲ့သော်လည်း ဂိုးမသွင်းနိုင်သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိ သရေကျခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ ပထမပိုင်းကဲ့သို့ပင် ဖိအားပေးကစားခဲ့ပြီး ဂိုးရရှိမည့် အခွင့်အရေးအချို့ ရခဲ့သည်။ အလားတူ ဟံသာဝတီအသင်းသည် ဂိုးရရှိမည့် အခွင့်အရေးအချို့ ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပေ။ ပွဲချိန် ၉၀ မိနစ်တွင် ဇွဲကပင်အသင်းမှ ဦးဆောင်ဂိုးရရှိခဲ့ပြီး မင်းဇော်စိုးက သွင်းယူပေးခဲ့သည်။ ဇွဲကပင်အသင်းသည် အနိုင်ရလဒ်ကို ဆက်လက်ထိန်း ကစားခဲ့သည့်အတွက် ဟံသာဝတီအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။

အခြားပွဲစဉ်များတွင် မြ၀တီအသင်းက ရခိုင်အသင်းကို ၆-၀ ဂိုး၊ ဆောက်သမ်းအသင်းက GFA အသင်းကို ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။ ဆောက်သမ်းအသင်းသည် GFA အသင်းကို အနိုင်ရခဲ့သည့်အတွက် စုစုပေါင်း ရမှတ် ၄၆ မှတ်ဖြင့် အဆင့် ၃ တွင် ရပ်တည်နိုင်ခဲ့ပြီး တတိယဆုရရှိသွားခဲ့သည်။