MPT University Football Tournament 2018 အဆင့်မြင့်ပညာဦးစီးဌာနအဆင့် ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားပြုလုပ်

August 20, 2018

အဆင့်မြင့်ပညာ ဦးစီးဌာနမှ ကြီးမှူး၍ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့မှ ပံ့ပိုးသည့် MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဆင့်မြင့်ပညာဦးစီးဌာနအဆင့် အမျိုးသား၊အမျိုးသမီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ သြဂုတ်လ ၂၀ ရက်၊ ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

ယနေ့ ညနေ ၃း၃၀ အချိန်က သထုံလမ်းရှိ၊ တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပခဲ့သည့် ယင်းအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်း၊ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှ၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေ၇ှင်နယ်လိဂ် စီမံခန့်ခွဲရေးအရာရှိချုပ် ဦးဆူးအောင်၊ MPT Joint Operation မှ Deputy Marketing Director ဦးခင်မောင်မြင့်နှင့် တာဝန်ရှိသူများ၊ ပြိုင်ပွဲအား အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် စပွန်ဆာကုမ္ပဏီများမှ တာဝနှ်ရှိသူများ၊ တက္ကသိုလ် ဘောလုံးသမားဟောင်းကြီးများ၊ MPT မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ ပြိုင်ပွဲဝင် အသင်းများ၊ မီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပွဲကြည့်ပရိသတ်များ တက်ရောက် ခဲ့ကြသည်။

ဖွင့်ပွဲအခမ်းအနားကို ညနေ ၃း၃၀ အချိန်တွင် စတင်ခဲ့ပြီး ဦးစွာ ဘင်ခရာအဖွဲ့နှင့် အတူ ပြိုင်ပွဲဝင် အသင်းများ ကွင်းအတွင်း ချီတက် နေရာယူကြသည်။ ယင်းနောက်တွင် အားကစား သစ္စာဓိဌာန် (၄)ရပ်ကို တစ်ပြိုင်နက် ရွတ်ဆိုခဲ့ကြပြီးနောက် တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှမှ အဖွင့်အမှာစကားပြောကြားသည်။

ဆက်လက်ပြီး MPT Joint Operation မှ Deputy Marketing Director ဦးခင်မောင်မြင့်မှ ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်းက ဂုဏ်ပြုအမှာစကားပြောကြားပေးခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ဂုဏ်သရေရှိ ဧည့်သည်တော်ကြီးများမှ MPT-University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်ပေါင်းစုံ ဘောလုံး ပြိုင်ပွဲကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားဖွင့်လှစ်အပြီးတွင် MPT University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်ပေါင်းစုံ ဘောလုံးပြိုင်ပွဲ အဆင့်မြင့်ပညာဦးစီးဌာနအဆင့် ပြိုင်ပွဲဝင် အမျိုးသား၊အမျိုးသမီး တစ်သင်းချင်းစီအား မြန်မာနေရှင်နယ်လိဂ်မှ ထောက်ပံ့ငွေကျပ်သိန်း (၂၀) စီ ပေးအပ်ခဲ့သည်။ အဆိုပါ ထောက်ပံ့ကြေးငွေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်း၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ဒုတိယ ဥက္ကဌနှင့် မြန်မာနေရှင်နယ်လိဂ် ကော်မတီ ဒုတိယ ဥက္ကဌ ဒေါက်တာ စိုင်းဆမ်ထွန်း၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်နှင့် MPT Joint Operation မှ Deputy Marketing Director ဦးခင်မောင်မြင့်တို့က တက်ရောက်ပေးအပ်ခဲ့သည်။

ယင်းနောက် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများမှ ကွင်းအတွင်းရှိ ပြိုင်ပွဲဝင် အသင်းများအား လိုက်လံနှုတ်ဆက်ပြီးနောက် ညနေပိုင်း အမျိုးသားပွဲစဉ်ဖြစ်သည့် Upper University (A) Vs Lower University (B) ပွဲစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ Lower University (B)အသင်းက တစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။