MPT-University Football Tournament Women’s ပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲတက်ခဲ့သည့် အောက်မြန်မာပြည်ဇုန်(အေ)အသင်း

August 25, 2018

MPT-University Football Tournament 2018 အမျိုးသမီးဘောလုံးပြိုင်ပွဲ၊ အုပ်စုနောက်ဆုံးပွဲစဉ်တွင် အောက်မြန်မာပြည်ဇုန်(အေ) အသင်းက အထက်မြန်မာပြည်ဇုန်(အေ)အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူကာ ရှုံးပွဲမရှိစံချိန်ဖြင့် ဗိုလ်လုပွဲတက်ရောက်ခဲ့သည်။

အဆိုပါပွဲစဉ်ပထမပိုင်းတွင် အောက်မြန်မာပြည်ဇုန်(အေ)အသင်းမှ ဘောလုံးပိုင်ဆိုင်မှုအသာဖြင့် ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၆ မိနစ် နှင့် ၄၃ မိနစ်များတွင် ဦးဆောင်ဂိုးများရရှိခဲ့သည်။ အဆိုပါဦးဆောင်ဂိုးများကို အေးအေးသက်နှင့် အသင်းခေါင်းဆောင် သန္တာလင်းတို့က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပထမပိုင်းအပြီးတွင် အောက်မြန်မာပြည်ဇုန်အသင်းက နှစ်ဂိုးဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၁၀ မိနစ်အကြာတွင် အောက်မြန်မာပြည်ဇုန်(အေ)အသင်းက တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ဘေ၀ါထူး က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၀ မိနစ်တွင် အထက်မြန်မာပြည်ဇုန်(အေ)အသင်းက ပထမချေပဂိုး ပြန်လည်ရခဲ့ပြီး လူစားဝင်ရောက်လာ သည့် ထက်ထက်ဝင်းက သွင်းယူပေးခဲ့သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ထပ်မံ ဂိုးမသွင်းနိုင်သည့်အတွက် အောက်မြန်မာပြည်ဇုန်(အေ) အမျိုးသမီးအသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

အောက်မြန်မာပြည်ဇုန်(အေ)အသင်းသည် သုံးပွဲကစားအပြီး သုံးပွဲစလုံး အနိုင်ရကာ အုပ်စုပထမဖြင့် ဗိုလ်လုပွဲသို့ တက်ရောက်ခဲ့ခြင်းဖြစ် သည်။ အလားတူ အထက်မြန်မာပြည်ဇုန်(အေ)အသင်းသည် နောက်ဆုံးပွဲတွင် အောက်မြန်မာပြည်ဇုန်(အေ)အသင်းကို ရှုံးခဲ့သော်လည်း ရမှတ် ခြောက်မှတ် ရရှိထားသည့်အတွက် အုပ်စုဒုတိယနေရာမှ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။ သြဂုတ် ၂၅ ရက်(ယနေ့) ကစား ခဲ့သည့် အောက်မြန်မာပြည်ဇုန်(အေ)အသင်းနှင့် အထက်မြန်မာပြည်ဇုန်(အေ)အသင်းတို့သည် ဗိုလ်လုပွဲစဉ်အဖြစ် သြဂုတ် ၂၇ ရက်၊ နံနက် ၈း၀၀ နာရီ၊ တက္ကသိုလ်များဘောလုံးကွင်းတွင် ထပ်မံကစားရမည်ဖြစ်သည်။