အဆင့်မြင့်ပညာဦးစီးဌာနအဆင့် MPT University Football Tournament 2018 တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ သထုံလမ်းရှိ တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပခဲ့ရာ အမျိုးသားပြိုင်ပွဲတွင် အောက်မြန်မာပြည်(ခ)အသင်းနှင့် အမျိုးသမီးပြိုင်ပွဲတွင် အထက်မြန်မာပြည်(က)အသင်းတို့ ရရှိခဲ့ကြသည်။
ယနေ့အခမ်းအနားသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်း၊ တွဲဖက်အထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်၊ မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှ၊ MPT Joint Operation မှ Chief Operation Officer မစ္စတာဘန်နီနိုစံ၊ ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှတင့်၊ မန္တလေးတက္ကသိုလ်ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်၊ တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း(ဥက္ကဌ) နှင့် MFF Appeal ကော်မတီဥက္ကဌ ဦးဘန်နီတင်အောင်၊ ရန်ကုန်တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း ဦးဆောင်နာယက နှင့် ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးစိုးမြင့်၊ MPT Joint Operation မှ Director of Legal and Corporate Affairs ဦးမျိုးသန်း၊ Deputy Director of Legal and Corporate Affairs မစ္စတာကိုအိချိကဆူရ၊ 100 Plus မှ Head of Marketing Mr. Prapas Rattanapas၊ ရန်ကုန်ဆေးရုံတက္ကသိုလ် ဆေးရုံဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလင်း၊ အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြိုင်ပွဲအား အဘက်ဘက်မှ ပံ့ပိုးပေးကြသည့် စပွန်ဆာကုမ္ပဏီများမှ တာဝနှ်ရှိသူများ၊ တက္ကသိုလ် ဘောလုံးသမားဟောင်းကြီးများ၊ MPT မှ တာဝန်ရှိသူများ၊ မြန်မာနေရှင်နယ်လိဂ်မှ တာဝန်ရှိသူများ၊ တက္ကသိုလ် ဆရာ၊ ဆရာမများ၊ သက်ဆိုင်ရာ ပြိုင်ပွဲဝင် အသင်းများ၊ မီဒီယာများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များ၊ ပွဲကြည့်ပရိသတ်များ တက်ရောက် ခဲ့ကြသည်။
ပထမဦးစွာ အမျိုးသား ဗိုလ်လုပွဲစဉ်အဖြစ် အောက်မြန်မာပြည်(ခ)အသင်းနှင့် အထက်မြန်မာပြည်(က) အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ရာ အောက်မြန်မာပြည်(ခ)အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး ဆုရရှိသည့်အသင်းများနှင့် တာဝန်ရှိသူတို့ ကွင်းအတွင်း အသီးသီးနေရာယူကြသည်။
MPT University Football Tournament 2018 အမျိုးသမီးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် အောက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ် (၈) စိုးစိုးမြင့်အား 100 Plus မှ Head of Marketing Mr. Prapas Rattanapasမှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ တက်ရောက်ချီးမြှင့်ပေးသည်။
ထို့နောက် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံးဆု ရရှိသည့် အောက်မြန်မာပြည်ယူနီဗာစတီ(ခ)အသင်းမှ ကျောနံပါတ်(၉) သန့်ဇေယျာဝင်းအား Deputy Director of Legal and Corporate Affairs မစ္စတာကိုအိချိကဆူရမှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။ အလားတူ အမျိုးသမီးပြိုင်ပွဲတွင် အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ် (၁၇) နှင်းဇာနိုအား ရန်ကုန်တက္ကသိုလ်ဆေးရုံအုပ်ကြီး ဒေါက်တာကျော်စွာလွင်မှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် အလယ်တန်းအကောင်းဆုံးဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ် (၇) ကျော်သီဟစိုးအား ဦးစိုးမြင့်၊ MPT Joint Operation မှ Director of Legal and Corporate Affairs ဦးမျိုးသန်းမှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် နောက်တန်းအကောင်းဆုံးဆုရရှိသည့် အောက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ်(၄) သန္တာလင်းအား ရန်ကုန်အဝေးသင်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာလှတင့်မှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် နောက်တန်းအကောင်းဆုံးဆု ရရှိသည့် အောက်မြန်မာပြည်(ခ)အသင်းမှ ကျောနံပါတ်(၄) ကောင်းဇေယျာဖြိုးအား ရန်ကုန်တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း ဦးဆောင်နာယက နှင့် ရွှေခေတ်မြန်မာ့လက်ရွေးစင်ဘောလုံးသမားဟောင်း ဦးစိုးမြင့်မှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ်(၁) မေသဇင်ထွန်းအား 100 Plus မှ Head of Marketing Mr. Prapas Rattanapasမှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် အကောင်းဆုံးဂိုးသမားဆု ရရှိသည့် အောက်မြန်မာပြည်(ခ)အသင်းမှ ကျောနံပါတ်(၁) ကောင်းဆက်အောင်အား MPT Joint Operation မှ Director of Legal and Corporate Affairs ဦးမျိုးသန်းမှ ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း အသီးသီးတက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးကြသည်။
ထို့အတူ အမျိုးသမီးပြိုင်ပွဲတွင် သွင်းဂိုး ၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံး ရရှိသည့် အောက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ်(၉) အေးအေးသက်အား MPT Joint Operation မှ Deputy Director of Legal and Corporate Affairs မစ္စတာကိုအိချိကဆူရက ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် သွင်းဂိုး ၈ ဂိုးဖြင့် ဂိုးသွင်းအများဆုံးဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ်(၁၇) စိုးမင်းနောင်အား မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေအတွင်းရေးမှူး ဦးတင်မြင့်အောင် ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကိုလည်းကောင်း၊ အမျိုးသမီးပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက်အကောင်းဆုံးဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းမှ ကျောနံပါတ် (၁၁) မီမီလင်းအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မန္တလေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်မှလည်းကောင်း၊ အမျိုးသားပြိုင်ပွဲတွင် ပွဲစဉ်တစ်လျောက်အကောင်းဆုံးဆု ရရှိသည့် အောက်မြန်မာပြည်(ခ)အသင်းမှ ကျောနံပါတ် (၄) ကောင်းဇေယျာဖြိုးအား ဆုတံဆိပ်နှင့် ဆုကြေးငွေကျပ် ၃၀၀၀၀ ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် တွဲဖက်အထွေအတွင်းရေးမှူး ဦးတင်မြင့်အောင်မှလည်းကောင်း တက်ရောက်ဂုဏ်ပြုချီးမြှင့်ပေးသည်။
ဆက်လက်ပြီး အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် အောက်မြန်မာပြည်(က)အသင်းအား တစ်ဦးချင်း ငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်းချီးမြှင့်ခြင်းကို တက္ကသိုလ်ဘောလုံးသမားဟောင်းများအသင်း(ဥက္ကဌ) နှင့် MFF Appeal ကော်မတီဥက္ကဌ ဦးဘန်နီတင်အောင် ကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ဒုတိယဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းအား တစ်ဦးချင်းငွေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ် ၁၀ သိန်း ချီးမြှင့်ခြင်းကို တက္ကသိုလ်များ ဘောလုံးဆပ်ကော်မတီ ဥက္ကဌနှင့် ရန်ကုန်အဝေးသင် တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ တင်မောင်လှမှ လည်းကောင်း၊ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း ၂၀ ချီးမြှင့်ခြင်းကို မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်ကလည်းကောင်း၊ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အောက်မြန်မာပြည်(ခ)အသင်းအား တစ်ဦးချင်းရွှေတံဆိပ်ဆုနှင့် ဆုကြေးငွေကျပ်သိန်း ၂၀ ချီးမြှင့်ခြင်းမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်အထွေထွေအတွင်းရေးမှူး ဦးကိုကိုသိန်းမှလည်းကောင်း ဂုဏ်ပြုတက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ထို့အတူ အမျိုးသမီးဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အထက်မြန်မာပြည်(က)အသင်းနှင့် အမျိုးသားဘောလုံးပြိုင်ပွဲတွင် ပထမဆု ရရှိသည့် အောက်မြန်မာပြည်(ခ)အသင်းတို့အား တံခွန်စိုက်ဆုဖလား ချီးမြှင့်ခြင်းကို MPT Joint Operation မှ Chief Operation Officer မစ္စတာဘန်နီနိုစံ တစ်ဦးတည်းမှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။
ထို့အပြင် ယနေ့ MPT University Football Tournament 2018 အမျိုးသား၊ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြိုင်ပွဲကျင်းပရေးကော်မတီမှ ဆုကြေးငွေများ ချီးမြှင့်မှုအပြင် University Old Blues အသင်းမှ ပထမဆု ရရှိသည့်အသင်းများကို ထပ်ဆောင်းဆုကြေးချီးမြှင့်ငွေကျပ် ၂ သိန်းစီနှင့် ဒုတိယဆုများ ရရှိသည့်အသင်းများကို ထပ်ဆောင်းဆုကြေးချီးမြှင့်ငွေ ကျပ် ၁ သိန်းစီ ထပ်မံ ချီးမြှင့်ပေးခဲ့ကြသည်။