အဆင့်မြင့်ပညာ ဦးစီးဌာနအဆင့် MPT University Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်အဖြစ် အောက်မြန်မာပြည်ယူနီဗာစတီ(ခ)အသင်းနှင့် အထက်မြန်မာပြည်ယူနီဗာစတီ(က)အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ပြီး အောက်မြန်မာပြည်(ခ)အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။ အဆိုပါ ပွဲစဉ်အား ယနေ့ညနေပိုင်းက ရန်ကုန်မြို့၊ သထုံလမ်းရှိ တက္ကသိုလ်ကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်သည်။