MPT Myanmar National League (U-21) 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ (Week-26) ပွဲစဉ်တစ်ပွဲအဖြစ် သြဂုတ် ၃၁ ရက် (ယနေ့)ညနေက စလင်းကွင်း တွင် ရန်ကုန် ယူ-၂၁ အသင်းနှင့် ဟံသာ ဝတီ ယူ-၂ အသင်းတို့ ကစားခဲ့ရာ သုံးဂိုးစီ သရေကျခဲ့သည်။
ဟံသာဝတီအသင်းသည် တိုက်စစ်ဖိအား ပေးလာသည့် ရန်ကုန်အသင်း၏ တိုက်စစ် ကို အကောင်းဆုံးခုခံခဲ့ပြီး တန်ပြန်တိုက်စစ် များဖြင့် တုံ့ပြန်ခဲ့သည်။ ပွဲချိန် ၃၈ မိနစ်တွင် ဟံသာဝတီမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ကျော်ထက်ပိုင်ဦးက သွင်းယူပေးခဲ့သည်။ နောက်ထပ် နှစ်မိနစ်အကြာတွင် ဟံသာဝတီအသင်းမှ ဒုတိယ ဦးဆောင်ဂိုး ထပ်ရခဲ့ပြီး တင့်နိုင်ထွန်းလင်းက သွင်းယူ ပေးခဲ့သည်။ ပထမပိုင်းအပြီးတွင် ဟံသာ ဝတီအသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့ သည်။
ဒုတိယပိုင်းတွင် ရန်ကုန်အသင်းမှ ချေပဂိုး များ ပြန်လည်ရရန် ကြိုးပမ်းခဲ့ပြီး ဟံသာ ဝတီအသင်းမှလည်း ဂိုးမပေးရရေး အတွက် မာမာထန်ထန် ခုခံခဲ့သည်။ ပွဲချိန် ၆၅ မိနစ်တွင် ဟံသာဝတီမှ တတိယဦးဆောင် ဂိုး ထပ်ရခဲ့ပြီး နေလင်းထက်က သွင်းယူ ပေးခဲ့သည်။ ပွဲချိန် ၇၄ မိနစ်တွင် ရန်ကုန် အသင်းမှ ချေပဂိုးတစ်ဂိုး စတင်ရခဲ့ပြီး အသင်းခေါင်းဆောင် ကောင်းထက်စိုးက သွင်းယူပေးခဲ့သည်။ ရန်ကုန်အသင်း ပထမ ချေပဂိုးသွင်းယူပြီး ၁၀ မိနစ်အကြာ တွင် ဒုတိယ ချေပဂိုးထပ်မံရခဲ့သည်။ အဆိုပါ ဂိုးကို အသင်းခေါင်းဆောင် ကောင်းထက်စိုးက ပင်နယ်တီမှတစ်ဆင့် သွင်းယူပေး ခဲ့သည်။ နာကျင်အချိန်ပိုတွင် ရန်ကုန်မှ တတိယ ချေပဂိုး ထပ်ပဂိုးထပ်ရခဲ့ပြီး လူစားဝင်လာသည့် ဝေယံက ခေါင်းတိုက် သွင်းပေးခဲ့သည်။ ရန်ကုန်အသင်းသည် ဒုတိယပိုင်း ချေပဂိုးများကြောင့် ဟံသာ ဝတီအသင်း ထံမှ သရေ တစ်မှတ်ရခဲ့ခြင်း ဖြစ်သည်။
Chat Conversation End
|