ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက် (ပွဲစဉ် ၁၃) လက်ကျန် ဒုတိယပိုင်းပွဲစဉ်အား စက်တင်ဘာ ၁၁ ရက်တွင် Y.U.S.C ကွင်း၌ ကျင်းပသွားမည်ဖြစ်

September 6, 2018

ရာသီဥတုဆိုးရွားမှုကြောင့် ရွှေ့ဆိုင်ထားခဲ့ရသည့် MPT Myanmar National League 2018 ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက် လက်ကျန်ဒုတိယပိုင်းပွဲစဉ်(ပွဲစဉ် ၁၃) အား စက်တင်ဘာ ၁၁ ရက်တွင်
ရန်ကုန်ယူနိုက်တက်အသင်း၏ အိမ်ကွင်းဖြစ်သည့် Y.U.S.C ကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဇူလိုင်လ ၂၂ ရက်က Y.U.S.C ကွင်း၌ ကျင်းပခဲ့သည့် ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက် ပထမပိုင်းအပြီး မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဆက်လက်ကစားနိုင်ခြင်း မရှိဘဲ ရွှေ့ဆိုင်းထားခဲ့ရခြင်းဖြစ်သည်။

ထို့နောက် မြန်မာနေရှင်နယ်လိဂ် CEO၊ COO နှင့် ယင်းပွဲစဉ်တွင် တာဝန်ယူခဲ့သည့် ပြိုင်ပွဲကြီးကြပ်၊ ဒိုင်ကြီးကြပ်၊ မီဒီယာအရာရှိတို့နှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များ အစည်းအဝေးပြုလုပ်ကာ သက်ဆိုင်ရာကလပ်အသင်းများ၏ သဘောတူညီမှုဖြင့် ဒုတိယပိုင်းပွဲစဉ်အား စက်တင်ဘာ ၁၁ ရက်တွင် Y.U.S.C ကွင်း သို့မဟုတ် သုဝဏ္ဏကွင်း၌ ပြန်လည်ယှဉ်ပြိုင်ကစားရန် ဆုံးဖြတ်ထားခဲ့ခြင်းဖြစ်သည်။

ယခုအခါ Y.U.S.C ကွင်း၏ မြက်ခင်းပြင်အနေအထားမှာ ပြိုင်ပွဲကျင်းပရန် အသင့်အနေအထားတွင် ရှိနေပြီး သက်ဆိုင်ရာ ကလပ်အသင်းများမှလည်း
သဘောတူညီခဲ့သောကြောင့် လက်ကျန် ဒုတိယပိုင်းပွဲစဉ်အား စက်တင်ဘာ ၁၁ ရက်၊ ညနေ ၃း၃၀ အချိန်တွင် ရန်ကုန်မြက်ခင်းတုကွင်း၌
ပြန်လည်ကျင်းပသွားမည်ဖြစ်ပါသည်။

သို့သော် မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကျင်းပရေးစည်းမျဉ်းအရ အဆိုပါပွဲစဉ်၏ ဒုတိယပိုင်း (၄၅)မိနစ်ကို ထွက်ပေါ်ထားသည့် ရလဒ်ဖြစ်သည့် (၀-၁) အတိုင်း ဆက်လက်ကစားရမည့်အပြင် နှစ်သင်းစလုံးအနေဖြင့်လည်း ယင်းနေ့က ကစားခဲ့သည့် မှတ်ပုံတင်လူစာရင်း(ပွဲထွက်နှင့်အရန်ကစားသမားစာရင်း) အတိုင်းသာ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ပွဲစဉ်(၂၀)အပြီးတွင် ရန်ကုန်ယူနိုက်တက်အသင်းက(တစ်ပွဲလျော့)ဖြင့် ရမှတ် ၄၅ မှတ် ရရှိထားပြီး အဆင့် ၁ နေရာတွင် ရပ်တည်နေပြီး ဟံသာဝတီနှင့် ပွဲစဉ်တွင် ရလဒ်ကောင်းပိုင်ဆိုင်ခဲ့ပါက ချန်ပီယံဆုအတွက် ပိုမိုအလားအလာကောင်းသွားမည်ဖြစ်သည်။
ထို့အတူ ဟံသာဝတီယူနိုက်တက်အသင်းကလည်း (တစ်ပွဲလျော့) ရမှတ် ၂၉ မှတ်ဖြင့် အဆင့် ၆ နေရာတွင် ရပ်တည်လျက်ရှိရာ ရန်ကုန်အသင်းနှင့်ပွဲတွင် လက်ရှိ ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့ပါက အဆင့် ၃ နေရာကို တက်လှမ်းခွင့်ရရှိမည်ဖြစ်သည်။

ထို့ကြောင့် ရန်ကုန်ယူနိုက်တက်-ဟံသာဝတီယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်မည့် လက်ကျန်ဒုတိယပိုင်းပွဲစဉ်အား