ရတနာပုံအက်ဖ်စီအသင်း၏ လက်ကျန် ပွဲစဉ် နှစ်ပွဲ

September 12, 2018

ရတနာပုံအက်ဖ်စီအသင်းရဲ့ လက်ကျန်ပွဲစဉ် နှစ်ပွဲပဲ ဖြစ်ပါတယ်။

လက်ကျန်နှစ်ပွဲမှာ ရတနာပုံအသင်းဟာ ဟံသာဝတီအသင်းနဲ့ အဝေးကွင်း သွားကစားရမှာဖြစ်ပြီး စစ်ကိုင်းယူနိုက်တက်အသင်းကို အိမ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။

ပထမအကျော့မှာ ရတနာပုံအသင်းအနေနဲ့ ဟံသာဝတီကို ရှုံးထားပြီး စစ်ကိုင်းအသင်းနဲ့ သရေကျထားပါတယ်။

လက်ရှိမှာ ရတနာပုံအသင်းဟာ ရမှတ် ၃၀ မှတ်နဲ့ အဆင့် ၅ မှာ ရပ်တည်နေပါတယ်။

ရတနာပုံအသင်းအနေနဲ့ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ ရပ်တည်နိုင်ဖို့ လက်ကျန်နှစ်ပွဲမှာ ရလဒ်ကောင်းရရှိဖို့ လိုအပ်နေပါတယ်။
#MPTMyanmarNationalLeague2018
#HantharwadyvsYadanarbon
#YadanarbonvsSagaing