MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-21) ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၁၅ ရက်(ယနေ့) ညနေ ၄း၀၀ နာရီက သုဝဏ္ဏကွင်းတွင် မကွေးအသင်းနှင့် GFA အသင်းတို့ ကစားခဲ့ရာ GFA အသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
ပထမပိုင်းတွင် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်ဖြင့် အပြန်အလှန် ထိုးဖောက်ကစားနိုင်ခဲ့ပြီး ပွဲချိန် ၃ မိနစ်၌ပင် GFA အသင်းမှ ဦးဆောင် ဂိုးရရှိခဲ့သည်။ GFA FC အသင်းအတွက် ဦးဆောင်ဂိုးကို အီမန်နူရယ်က သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ပွဲချိန် ၁၄ မိနစ်တွင် မကွေးအသင်း မှ ချေပဂိုးပြန်လည်ရခဲ့ပြီး တိုက်စစ်မှူးအောင်မြင့်ထွန်းက သွင်းယူပေးခဲ့သည်။ နှစ်သင်းစလုံးသည် အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ သည့်အတွက် ပွဲစဉ်သည် ပိုမိုမြိုင်ဆိုင်ခဲ့သည်။ ပထမပိုင်းအပြီးတွင် တစ်ဖက် တစ်ဂိုးစီဖြင့် ပြီးခဲ့သည်။
ဒုတိယပိုင်း ပြန်လည်စတင်ရာတွင်လည်း နှစ်သင်းစလုံးမှ ပထမပိုင်းကဲ့သို့ပင် လျင်လျင်မြန်မြန် အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြ သည်။ GFA FC အသင်းအတွက် ဒုတိယဦးဆောင်ဂိုးကို နာကျင်အချိန်ပိုတွင် လူစားဝင်ရောက်လာသည့် Thawng Lian Thang က သွင်းယူပေးခဲ့သည်။
GFA အသင်းသည် ယနေ့ပွဲစဉ်တွင် မကွေးအသင်းကို အနိုင်ရခဲ့သည့်အတွက် စုစုပေါင်း ၂၁ ပွဲ ကစားအပြီးတွင် ငါးပွဲ နိုင်၊ ငါးပွဲ သရေ၊ ၁၁ ပွဲ ရှုံး ရမှတ် ၂၀ မှတ်ဖြင့် အဆင့် ၁၁ တွင် ဆက်လက်ရပ်တည်နေသော်လည်း အဆင့် ၁၀ နေရာမှ စစ်ကိုင်းယူနိုက်တက်အသင်းနှင့် ရမှတ် တစ်မှတ်သာ ကွာဟခဲ့ပြီဖြစ်သည်။
အခြားပွဲစဉ်တွင် ဇွဲကပင်အသင်းက အိမ်ရှင် ဧရာဝတီယူနိုက်တက်အသင်းကို ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။