GFA ကို အနိုင်ကစားကာ အဆင့် ၃ တွင် ပန်းဝင်ခဲ့သည့် ဇွဲကပင်ယူနိုက်တက်

September 22, 2018

ဇွဲကပင်အသင်းကို ရှုံးခဲ့သည့် GFA FC အသင်း နေရှင်နယ်လိဂ်-၂ သို့ မြ၀တီအသင်းနှင့်အတူ တန်းဆင်းခဲ့ရ

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-22) ပွဲစဉ်တစ်ပွဲအဖြစ် စက်တင်ဘာ ၂၂ ရက်(ယနေ့) ညနေ ၄း၀၀ က သုဝဏ္ဏကွင်းတွင် GFA FC အသင်းနှင့် ဇွဲကပင်အသင်းတို့ ကစားခဲ့ရာ ဇွဲကပင်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အဆင့် ၃ နေရာအား အပိုင်ဆုပ်ကိုင်သွားခဲ့သည်။

ပထမပိုင်းတွင် နှစ်သင်းစလုံးမှ လျင်လျင်မြန်မြန်ဖြင့် အပြန်အလှန်ကစားခဲ့ကြပြီး ပွဲချိန် မိနစ် ၃၀ ကျော်သည်အထိ ဂိုးမသွင်းနိုင်ခဲ့ကြချေ။ သို့သော် ပွဲချိန် ၃၇ မိနစ်တွင် ဇွဲကပင်အသင်းမှ ဦးဆောင်ဂိုးရခဲ့ပြီး တိုက်စစ်မှူး သန်းထက်အောင်က ခေါင်းတိုက်သွင်းပေးခဲ့ခြင်းဖြစ် သည်။ ပထမပိုင်းပြီးခါနီး နာကျင်အချိန်တွင် ဇွဲကပင်အသင်းမှ ထပ်မံဦးဆောင်ဂိုးရခဲ့ပြီး ဒိုဆာကီးက သွင်းယူပေးခဲ့သည်။ ပထမပိုင်းအပြီး တွင် ဇွဲကပင်အသင်းက ၂-၀ ဂိုးဖြင့် ဦးဆောင်ခဲ့သည်။

ဒုတိယပိုင်းပြန်လည်စတင်ရာတွင် GFA FC အသင်းမှ ချေပဂိုးများ ပြန်လည်ရရှိရန် ဖိအားပေးကစားခဲ့ပြီး ဇွဲကပင်အသင်းက တန်ပြန် တိုက်စစ်ဖြင့် တုံ့ပြန်ခဲ့သည်။ ပွဲချိန် ၅၈ မိနစ်တွင် GFA FC မှ ပထမချေပဂိုး ပြန်လည်ရခဲ့ပြီး သန်းထိုက်အောင်က သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၀ မိနစ်တွင် ဇွဲကပင်အသင်းမှ တတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ပထမဂိုးသွင်းယူပေးထားသည့် သန်းထက်အောင်က ထပ်မံ သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ လက်ကျန်မိနစ်များတွင် နှစ်သင်းစလုံး ဂိုးထပ်မရခဲ့သည့်အတွက် ဇွဲကပင်အသင်းက ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ဇွဲကပင်အသင်းသည် GFA FC  အသင်းကို အနိုင်ရခဲ့သည့်အတွက် စုစုပေါင်း ရမှတ် ၃၇ မှတ်ဖြင့် အဆင့် ၃ နေရာ၌ ပန်းဝင်သွားခဲ့ပြီး သမိုင်းတစ်လျှောက် အမှတ်ပေးပြိုင်ပွဲတွင် အမြင့်ဆုံး ရပ်တည်မှုလည်းဖြစ်ခဲ့သည်။  ဇွဲကပင်အသင်းကို ရှုံးခဲ့သည့် GFA FC အသင်းသည် စုစုပေါင်း ရမှတ် ၂၀ မှတ်ဖြင့် တန်းဆင်းဇုန် အဆင့် ၁၁ တွင် ရပ်တည်ခဲ့သည့် အတွက် အဆင့် ၁၂ နေရာမှ မြ၀တီအသင်းနှင့်အတူ နေရှင်နယ်လိဂ်-၂ သို့ တန်းဆင်းခဲ့ရသည်။

Standing