ယနေ့ညနေပိုင်းက ရှမ်းပြည်နယ်တောင်ကြီးမြို့ရှိ ပြည်နယ်အားကစားကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် MPT Myanmar National League 2018 ရာသီပိတ် နောက်ဆုံးပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းက မြ၀တီအက်ဖ်စီအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းမှာ ယနေ့ ပွဲတွင် ဧည့်သည်မြ၀တီအက်ဖ်စီအသင်း၏ ရုန်းကန်အားကြောင့် ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။
မြ၀တီအသင်းသည် တန်းဆင်းခဲ့ရပြီဖြစ်သော်လည်း အိမ်ရှင်ရှမ်းပရိသတ်ရှေ့မှောက်တွင် အကောင်းဆုံး ခြေစွမ်းပြ ကစားသွားခဲ့ပြီး ရှမ်းယူနိုက်တက်အသင်း၏ နောက်ကျအနိုင်ဂိုးကြောင့်သာ ရှုံးပွဲနှင့် ရင်ဆိုင်ခဲ့ရသည်။
ယနေ့ပွဲတွင် ရှမ်းယူနိုက်တက်အသင်းအတွက် ၅၆၊ ၉၀+၅ မိနစ်များတွင် ဇော်လင်းနှင့် နေလင်းထွန်းတို့က သွင်းယူခဲ့ပြီး မြ၀တီအက်ဖ်စီအသင်းအတွက် ပထမပိုင်း ၂၅ မိနစ်တွင် သက်ပိုင်ကိုက သွင်းယူပေးခဲ့သည်။
ယခုနှစ် MPT Myanmar National League 2018 ရာသီ အပြီးတွင် ရှမ်းယူနိုက်တက်အသင်းက ရမှတ် ၅၀ ဖြင့် အဆင့် ၂ နေရာ ရပ်တည်ခဲ့သည်။ မြ၀တီအက်ဖ်စီအသင်းမှာမူ ရမှတ် ၂ မှတ်ဖြင့် အဆင့် ၁၂ နေရာတွင်သာ ရပ်တည်နိုင်ခဲ့သဖြင့် ရာသီကုန် တန်းဆင်းသွားခဲ့ရသည်။
MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2ufKipD ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။
lotayamm.com
lotayamm.com