General Aung San Shield

ရှမ်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက် ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်း နောက်ခံလူနှစ်ဦး၏ ပွဲကြိုပြောစကား

By khtit

September 25, 2018

စက်တင်ဘာ ၂၆ ရက်၊ ညနေ ၃း၀၀ နာရီအချိန်မှာ ရှမ်းယူနိုက်တက်အသင်းနဲ့ ဟံသာဝတီယူနိုက်တက်အသင်းတို့ တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းကြီးမှာ ဗိုလ်ချုပ်အောင်ဆန်းဒိုင်း အကြိုဗိုလ်လုပွဲ ဒုတိယအကျော့ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားပါတော့မယ်။

ပထမအကျော့ ပဲခူးကွင်းမှာ ဂိုးမရှိသရေရလဒ်သာ ထွက်ပေါ်ထားလို့ ဒုတိယအကျော့မှာ ဘယ်အသင်း နောက်ကောက်ကျ ကျန်ရစ်မလဲဆိုတာ ပိုပြီး စိတ်ဝင်းစားဖို့ ကောင်းနေပါတယ်။

ရှမ်းယူနိုက်တက်-ဟံသာဝတီယူနိုက်တက် ပွဲစဉ်မတိုင်မီ နှစ်ဖက်အသင်း နောက်ခံလူနှစ်ဦး၏ ပွဲကြိုပြောစကားကို ဖော်ပြပေးလိုက်ရပါတယ်။

“အမှတ်ပေးချန်ပီယံဆုနဲ့ လွဲခဲ့တဲ့အတွက် ရှုံးထွက်ပြိုင်ပွဲမှာ ပိုပြီး အာရုံစိုက်ရပါတော့မယ်။ တစ်ရာသီလုံး အကောင်းဆုံးကြိုးစားခဲ့ပေမယ့် အမှတ်ပေးချန်ပီယံဆုနဲ့ ကပ်ပြီး လွဲခဲ့ရတယ်။ ဒါကြောင့် ဗိုလ်ချုပ်အောင်ဆန်းဒိုင်းက ဒီရာသီ ကျွန်တော်တို့အသင်းရဲ့ နောက်ဆုံးမျှော်လင့်ချက်လည်း ဖြစ်ပါတယ်။ ရှမ်းအသင်းပရိသတ်တွေ ဆိုတာကတော့ ဘယ်ပွဲစဉ်ပဲဖြစ်ဖြစ် လာရောက်အားပေးမယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပြီးသားပါ။ ဟံသာဝတီနဲ့ပွဲမှာလည်း လာရောက်အားပေးမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ဘက်ကလည်း အနိုင်ရလဒ်အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်”

ထိုက်ထိုက်အောင်

ရှမ်းယူနိုက်တက်အသင်း။

——————————————–

“ကျွန်တော်တို့အသင်းရဲ့ အဓိက အားသာချက်က စုစည်းမှုပါပဲ။ အသင်းမှာ ဒဏ်ရာရ ပွဲပယ် ကစားသမား မရှိဘူး။ ဒီအချက်ကလည်း အသင်းကို ပိုပြီး အားကောင်းလာစေမှာပါ။ ရှမ်းအသင်းမှာတော့ လက်ရွေးစင်အဆင့် ကစားသမားတွေများတယ်။ ဒါပေမယ့် စည်းလုံးညီညွတ်မှုအားနဲ့ ရှမ်းအသင်းကို အနိုင်ယူကျော်ဖြတ်ပြီး ဗိုလ်လုပွဲတက်ဖို့ ရည်မှန်းထားပါတယ်”

ရွှေလှိုင်ဝင်း

ဟံသာဝတီယူနိုက်တက်အသင်း။