ရှုံးထွက်ဖလား ထပ်မံရယူလိုဟု ရန်ကုန်ယူနိုက်တက် တောင်ပံကစားသမား မောင်မောင်လွင် ပြော

September 27, 2018

ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုနှစ် General Aung San Shield ရှုံးထွက်ဘောလုံးပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ရှုံးထွက်ဖလား ထပ်မံရယူလိုသည်ဟု ရန်ကုန်ယူနိုက်တက်အသင်း တောင်ပံကစားသမား မောင်မောင်လွင်က ပြောခဲ့သည်။

MPT Myanmar National League 2018 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ ချန်ပီယံရန်ကုန်ယူနိုက်တက်အသင်းသည် ရှုံးထွက်ဘောလုံး ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်ထိ ရောက်ရှိနေပြီဖြစ်ပြီး ဆီမီးဖိုင်နယ် ပထမအကျော့တွင် မကွေးအသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ထားသည်။ ”နောက်ထပ် ဖလားတစ်လုံးဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်းဒိုင်းကိုလဲ ရယူဖို့ ဆန္ဒလဲရှိတယ်။ အကောင်းဆုံးလဲ ကြိုးစားနေ တယ်။ ထပ်ပြီးတော့ ရအောင်လဲ ကြိုးစားမယ်။ ပရိသတ်တွေ အားပေးရကျိုးနပ်အောင် ဗိုလ်ချုပ်အောင်ဆန်းဖလားကို လဲ ထပ်ရအောင် ကြိုးစားသွားမယ်” ဟု ရန်ကုန်ယူနိုက်တက်အသင်း ကစားသမား မောင်မောင်လွင်က ပြောခဲ့သည်။

ရန်ကုန်အသင်းသည် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် စက်တင်ဘာ ၂၇ ရက်(ယနေ့) ညနေ ၄း၀၀၊ သုဝဏ္ဏကွင်းတွင် မကွေး အသင်းနှင့် ထပ်မံ ကစားရမည်ဖြစ်ပြီး အဆိုပါပွဲစဉ်အား မြ၀တီရုပ်မြင်သံကြားမှ တိုက်ရိုက်ပြသမည်ဖြစ်သလို General Aung San Shield Facebook Page တွင်လည်း တိုက်ရိုက် Live Stream ပြသမည်ဖြစ်သည်။