News

စစ်တွေဇုန် MPT U -14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကျောက်ဖြူ(က)အသင်းက ကျောက်ဖြူ(ခ)အသင်းကို ၁၁ ဂိုး ဂိုးမရှိဖြင့် ဂိုးပြတ်အနိုင်ရရှိ

By khtit

October 02, 2018

ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဝေသာလီကွင်း၌ ယှဉ်ပြိုင်ကစားခဲ့သည့် MPT U -14 Football Tournament 2018 အုပ်စု(ဂ) ပွဲစဉ်တစ်ပွဲတွင် ကျောက်ဖြူ(က)အသင်းက ကျောက်ဖြူ(ခ)အသင်း ၁၁ ဂိုး၊ ဂိုးမရှိဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

ယနေ့ပွဲတွင် ကျောက်ဖြူ(က)အသင်း(အစိမ်းရောင်)က ခြေစွမ်းအသာစီးဖြင့် တစ်ဖက်သတ်ဖိကစားပြီး ဂိုးပြတ်နိုင်ပွဲကို ရယူနိုင်ခဲ့ခြင်းဖြစ်သည်။