News

စစ်တွေဇုန် MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျောက်ဖြူ(က)အသင်းနှင့် ရသေ့တောင်အသင်းတို့ ယှဉ်ပြိုင်ဗိုလ်လုကြမည်ဖြစ်

By khtit

October 08, 2018

ယနေ့ ကျင်းပခဲ့သော MPT U-14 Football Tournament 2018 အမျိုးသားဘောလုံးပြိုင်ပွဲ အကြိုဗိုလ်လုပွဲစဉ်များအပြီး ဗိုလ်လုပွဲသို့ ကျောက်ဖြူ(က)လူငယ်အသင်းနှင့် ရသေ့တောင်လူငယ်အသင်းတို့ တက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

အကြိုဗိုလ်လုပွဲစဉ်များကို စစ်တွေမြို့ရှိ ဝေသာလီအားကစားကွင်း၌ ယနေ့ကျင်းပခဲ့ခြင်းဖြစ်ပြီး နံနက်ပိုင်းတွင် ယှဉ်ပြိုင်ခဲ့သည့် ကျောက်ဖြူ(က)အသင်းနှင့် မြောက်ဦးလူငယ်အသင်းတို့ ပွဲစဉ်တွင် ကျောက်ဖြူအသင်းက သုံးဂိုးပြတ် အနိုင်ယူကာ ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့သည်။