ခြေစမ်းပွဲတွင် ဒဂုံအက်ဖ်စီအသင်းအား အနိုင်ယူခဲ့သည့် တက္ကသိုလ်လက်ရွေးစင်အသင်း

October 31, 2018

၂၀၁၈ အာဆီယံ တက္ကသိုလ်များအားကစားပြိုင်ပွဲ (2018 ASEAN University Games) ပြိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်နေသည့် တက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းနှင့် ၂၀၁၉ မြန်မာနေရှင် နယ် လိဂ် ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေသည့် ဒဂုံအက်ဖ်စီ အသင်းတို့သည် အောက်တိုဘာ ၃၁ ရက်၊ ညနေ ၃း၃၀၊ တက္ကသိုလ် များ ဘောလုံးကွင်း၌ ခြေစမ်းကစားခဲ့ကြပြီး တက္ကသိုလ် လက်ရွေး စင်အသင်းက ၃-၁ ဂိုးနဲ့ အနိုင်ရခဲ့သည်။
တက္ကသိုလ်လက်ရွေးစင်အသင်းအတွက် ဂိုးများကို ပွဲချိန် ၂၆ မိနစ်တွင် ပြည့်ဖြိုးကျော်၊ ပွဲချိန် ၂၇ မိနစ်တွင် ညီညီအောင်နှင့် ပွဲချိန် ၇၈ မိနစ်တွင် ၀င်းဋ္ဌေးကျော်တို့က သွင်းယူခဲ့ကြပြီး ဒဂုံအသင်း အတွက် ချေပဂိုးကို ပွဲချိန် ၈၅ မိနစ်တွင် သော်တာချိုလာက သွင်းယူ ပေးခဲ့သည်။