MPT Myanmar National League 2019 ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကျိုက္ကစံကွင်း၌ လူရွေးချယ်ပွဲ ပြုလုပ်ခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ယှဉ်ပြိုင်ကစားရမည့် စီနီယာအသင်း၊ ယူ ၂၁ အသင်းနှင့် ယူ ၁၉ အသင်းများအတွက် လူရွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ကစားသမား ၂၅၀ ကျော် လာရောက် ခြေစွမ်းစမ်းသပ်ခံခဲ့သည်။
အဆိုပါ ကစားသမားများတွင် မြန်မာနေရှင်နယ်လိဂ်အတွေ့အကြုံရှိ ကစားသမားများ၊ တိုင်းနှင့်ပြည်နယ်ပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ဖူးသည့် ကစားသမားများနှင့် မြို့နယ်အဆင့် လက်ရွေးစင်ကစားသမားများ ပါဝင်ကြောင်းသိရသည်။
ဧရာဝတီယူနိုက်တက်အသင်းသည် ပြီးခဲ့သည့် ၂၀၁၈ ရာသီတွင် အဆင့် ၈ နေရာတွင် ရပ်တည်ခဲ့ရာ လာမည့်ရာသီတွင် ပိုမိုမြင့်မားသော အဆင့်တစ်ခုတွင် ရပ်တည်နိုင်ရန် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နေခြင်းဖြစ်ကြောင်း နည်းပြချုပ် ဦးအောင်ခိုင်က ပြောသည်။
MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။