MPT Myanmar National League 2019 ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် ယနေ့ နံနက်ပိုင်းက ရန်ကုန်မြို့၊ ကျိုက္ကစံကွင်း၌ လူရွေးချယ်ပွဲ ပြုလုပ်ခဲ့သည်။
ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့်ရာသီတွင် ယှဉ်ပြိုင်ကစားရမည့် စီနီယာအသင်း၊ ယူ ၂၁ အသင်းနှင့် ယူ ၁၉ အသင်းများအတွက် လူရွေးပွဲ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ စုစုပေါင်း ကစားသမား ၂၅၀ ကျော် လာရောက် ခြေစွမ်းစမ်းသပ်ခံခဲ့သည်။