News

MPT U-14 Football Tournament 2018 ရန်ကုန်ဇုန် ပွဲအတွက် အသက်စစ်ဆေးမှု ပြုလုပ်ခဲ့ရာ ကစားသမား ၂၀ ဦး အသက်ကျော်နေကြောင်း စစ်ဆေးတွေ့ရှိ

By khtit

November 07, 2018

လာမည့် နိုဝင်ဘာ ၈ ရက်တွင် စတင်ကျင်းပတော့မည့် MPT U-14 Football Tournament 2018 (ရန်ကုန်ဇုန်) ပြိုင်ပွဲအတွက် အသက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာတွင် စုစုပေါင်း ကစားသမား ၂၀ ဦးမှာ အသက်ကျော်လွန်နေသည်ကို စစ်ဆေးတွေ့ရှိရခဲ့သည်။

ပြိုင်ပွဲဝင် အသင်း ၁၂ သင်းမှ ကစားသမားများကို ကနဦးအဆင့်အဖြစ် ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ဖြစ်သည့် အရိုး၊ သွားနှင့် အမွှေးအမြှင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး သံသယရှိသူများကို ရွေးထုတ်ကာ ရုပ်ပိုင်းဆိုင်ရာ စစ်ဆေးမှုများ ထပ်မံပြုလုပ်ခဲ့သည်။ ယင်းနောက် ရုပ်ပိုင်းဆိုင်ရာအရ ခွဲခြားရ ခက်သူ ကစားသမားများကို ဓာတ်မှန်ရိုက်စစ်ဆေးမှု ထပ်မံပြုလုပ်ကာ စစ်ဆေးခဲ့ခြင်းဖြစ်ပြီး ဓာတ်မှန်ရိုက် စစ်ဆေးခံခဲ့ရသူ ကစားသမား ၅၀ ဦးအနက် ၂၀ ဦးမှာ စစ်ဆေးမှုကို ကျရှုံးခဲ့ကြသည်။