မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ် အဓိက မိတ်ဖက် MPT ၏ ပံ့ပိုးမှု၊ Myanmar Care တို့ ပူးပေါင်းကျင်းပသည့် MPT U-14 Football Tournament 2018 (Yangon) ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၈ ရက်(ယနေ့) က စတင်ကျင်းပခဲ့ပြီး ယနေ့ကစားခဲ့သည့် ပွဲစဉ်နှစ်ပွဲတွင် တောင်ပိုင်းခရိုင်(ခ)အသင်း၊ မြောက်ပိုင်းခရိုင်(က)အသင်းတို့ နိုင်ပွဲ ကိုယ်စီရခဲ့ သည်။
နိုဝင်ဘာ ၈ ရက်(ယနေ့) နံနက် ၈း၀၀ နာရီက ကစားခဲ့သည့် တောင်ပိုင်းခရိုင်(ခ)အသင်းနှင့် အနောက်ပိုင်းခရိုင်(ခ)အသင်းတို့ ပွဲစဉ် တွင် တောင်ပိုင်းခရိုင်(ခ)အသင်းက ၈-၀ ဂိုးဖြင့် နိုင်ရရှိခဲ့ပြီး ယနေ့ ညနေ ၃း၃၀ က ကစားခဲ့သည့် မြောက်ပိုင်းခရိုင်(က)အသင်းနှင့် မြောက်ပိုင်း ခရိုင်(ခ)အသင်းတို့ပွဲစဉ်တွင် မြောက်ပိုင်းခရိုင်(က)အသင်းက ၇-၂ ဂိုးဖြင့် အနိုင်ရခဲ့သည်။အဆိုပါ ပွဲစဉ်များကို YUSC ကွင်း၌ တစ်ရက် လျှင် နှစ်ပွဲနှုန်းဖြင့် ယှဉ်ပြိုင်ကစားလျက်ရှိသည်။ နိုဝင်ဘာ ၉ ရက်၊ နံနက် ၈း၀၀ တွင် အနောက်ပိုင်းခရိုင်(က)အသင်းနှင့် အရှေ့ပိုင်းခရိုင် (က)အသင်းတို့ ကစားမည်ဖြစ်ပြီး ညနေ ၃း၃၀ တွင် အရှေ့ပိုင်းခရိုင်(ဂ)အသင်းနှင့် အနောက်ပိုင်းခရိုင်(ဂ)အသင်းတို့ ဆက်လက် ကစား ကြမည်ဖြစ်သည်။