MPT Myanmar National League 2019 ဘောလုံးရာသီသစ်အတွက် ညှိနှိုင်းအစည်းအဝေး ကျင်းပ

November 9, 2018

MPT Myanmar National League 2019 ဘောလုံးရာသီသစ်အတွက် ညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၉ ရက်၊ မွန်းလွဲ ၁း၀၀ နာရီက၊ သုဝဏ္ဏဘောလုံးကွင်းပထမထပ်ရှိ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် စီအီးအို ဦးဘုန်းနိုင်ဇော်၊ မြန်မာနေရှင်နယ်လိဂ် စီအီး အို ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ် လိဂ် COO ဦးဆူးအောင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် ဒိုင်ဌာန ဒါရိုက်တာ ဦးထွန်းလှအောင်၊ မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် ကွင်းရုံ ဒါရိုက်တာ ဦးကျော်လင်းထွေး၊ ကလပ်အသင်းများမှ စီအီးအို၊ မန်နေဂျာများ၊ နည်းပြများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ အသီးသီး တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်-၁ ပြိုင်ပွဲနှင့် မြန်မာနေရှင်နယ်လိဂ်-၂ ပြိုင်ပွဲများ အတွက် ပွဲစဉ်ဇယား(Fixture)ကို ကလပ်အသင်းများနှင့် ညှိနှိုင်းကာ အတည်ပြုရေးဆွဲခဲ့သည်။ ထို့ နောက် ၂၀၁၉ မြန်မာနေရှင်နယ်လိဂ်ဘောလုံးရာသီသစ်အတွက် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်း (Regulation) နှင့် ပတ်သက်၍ ထပ်မံဆွေးနွေးညှိနှိုင်းခဲ့သည်။ ၂၀၁၉ ဘောလုံးရာသီသစ်၏ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းတွင် အပိုဒ်အချို့အား အနည်းငယ်ထပ်မံဖြည့်စွက်ထားပြီး အဆိုပါဖြည့်စွက်ထား သည့် အကြောင်းအရာများကို ကလပ်အသင်းများအား ချပြကာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။ MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ ပထမအကျော့ကို ဇန်န၀ါရီ ၁၂ တွင် စတင်မည်ဖြစ်ပြီး မေ ၁၂ ရက်တွင် ပထမအကျော့ ပြီးဆုံးမည်ဖြစ်သည်။ ဒုတိယ အကျော့ကို ဇွန် ၁၅ ရက်တွင် စတင်မည်ဖြစ်ပြီး စက်တင်ဘာ ၁၅ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။ ထို့ အတူ MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲကို လာမည့် ဖေဖော်ဝါ ရီ ၈ ရက်တွင် စတင်မည်ဖြစ်ပြီး ဇူလိုင် ၂၇ ရက်တွင် ပြီးဆုံးမည်ဖြစ်သည်။