MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ အုပ်စုပွဲစဉ်များအပြီး တောင်ပိုင်းခရိုင်(ခ)၊ အရှေ့ပိုင်းခရိုင်(က)၊ မြောက်ပိုင်းခရိုင်(က)နှင့် မြောက်ပိုင်းခရိုင်(ဂ) အသင်းတို့ တက်ရောက်

November 14, 2018
ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ လမ်းညွန်ဦးဆောင်မှုဖြင့် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်လျက်ရှိသည့် MPT အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စုအဆင့်ပွဲစဉ်များ ပြီးဆုံးခဲ့ပြီဖြစ်ရာ အကြိုဗိုလ်လုပွဲအဆင့်သို့ တောင်ပိုင်းခရိုင်(ခ)၊မြောက်ပိုင်းခရိုင်(က)၊ အရှေ့ပိုင်းခရိုင်(က)နှင့် မြောက်ပိုင်းခရိုင်(ဂ)အသင်းတို့ တက်ရောက်နိုင်ခဲ့သည်။
 
အုပ်စုပွဲစဉ်များကို နိုဝင်ဘာ ၈ ရက်မှ နိုဝင်ဘာ ၁၃ ရက်အထိ ရန်ကုန်မြို့၊ Y.U.S.C ကွင်း၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး အုပ်စု(A)တွင် တောင်ပိုင်းခရိုင်(ခ)၊ အုပ်စု(B)တွင် မြောက်ပိုင်းခရိုင်(က)၊ အုပ်စု(C)တွင် အရှေ့ပိုင်းခရိုင်(က)နှင့် အုပ်စု(D)တွင် မြောက်ပိုင်းခရိုင်(ဂ)အသင်းတို့ အုပ်စုပထမနေရာများကို အသီးသီး ရယူနိုင်ခဲ့ကြသည်။
 
အုပ်စုအဆင့်တွင် ပြိုင်ပွဲဝင် ၁၂ သင်းကို သုံးသင်းပါ လေးအုပ်စုခွဲ၍ ကျင်းပခဲ့ပြီး အုပ်စုပထမ ရရှိသည့်အသင်းများ နောက်တစ်ဆင့် တက်ရောက်ခွင့် ရရှိခြင်းဖြစ်သည်။
 
အကြိုဗိုလ်လုပွဲစဉ်များကို နိုဝင်ဘာ ၁၅ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ဗိုလ်လုပွဲစဉ်၊ တတိယနေရာလုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို နိုဝင်ဘာ ၁၈ ရက်တွင် ကျင်းပပြုလုပ်မည်ဖြစ်သည်။ အကြိုဗိုလ်လုပွဲအဆင့်တွင် တောင်ပိုင်းခရိုင်(ခ)နှင့် အရှေ့ပိုင်းခရိုင်(က)၊ မြောက်ပိုင်းခရိုင်(က)နှင့် မြောက်ပိုင်းခရိုင်(ဂ) အသင်းတို့ ယှဉ်ပြိုင်ရမည်ဖြစ်သည်။
 
ပြိုင်ပွဲတွင် ဗိုလ်စွဲသည့်အသင်းအား တံခွန်စိုက်ဆုဖလားနှင့်အတူ ဆုကြေးငွေကျပ် ၁၀ သိန်း၊ ဒုတိယဆုရအသင်းကို ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် ၅ သိန်းနှင့် တတိယရရှိသည့်အသင်းကို ဆုတံဆိပ်နှင့် အတူ ဆုငွေကျပ် ၃ သိန်း ပြိုင်ပွဲတွင် အသန့်ရှင်းဆုံးအသင်းဆု၊ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများနှင့် ပွဲစဉ်တစ်လျှောက်အကောင်းဆုံးကစားသမားဆုကိုပါ ရွေးချယ်ချီးမြှင့်ပေးသွားမည်ဖြစ်ပါသည်။
 
အကြိုဗိုလ်လုပွဲစဉ်များ
၁၅-၁၁-၂၀၁၈/နံနက် ၈း၀၀
တောင်ပိုင်းခရိုင်(ခ) – အရှေ့ပိုင်းခရိုင်(က)- Y.U.S.C
 
၁၅-၁၁-၂၀၁၈/ညနေ ၃း၃၀
မြောက်ပိုင်းခရိုင်(က)နှင့် မြောက်ပိုင်းခရိုင်(ဂ)- Y.U.S.C
===
MNL ပွဲစဉ်တွေရဲ့  အကြောင်းအရာစုံလင်စွာသိရှိဖို့နဲ့ ပွဲစဉ်တွေရဲ့ ရလဒ်တွေကို အချိန်နဲ့တစ်ပြေးညီသိနိုင်ဖို့ MPT MNL application ကို သင့်ရဲ့  ဖုန်းထဲမှာဒေါင်းလုတ်ရယူထားလိုက်ပါ။ ရယူချင်တယ်ဆိုရင် ဒီလင့်ခ်လေးမှာ https://bit.ly/2shTc5R ဒေါင်းလုတ်ရယူနိုင်သလို *3101# ကို ခေါ်ဆိုပြီးတော့လည်း ဒေါင်းလုတ်ဆွဲလို့ရပါတယ်။ Google Play Store မှာလည်း MPT MNL လို့ ရိုက်ပြီး ရှာလို့ရသေးတယ်နော်။