MPT U-14 Football Tournament 2018 (TaungGyi) ဇုန် ပွဲဦးထွက်တွင် ဟိုပုံးအသင်းနှင့် ပင်လောင်းအသင်းတို့ နိုင်ပွဲ ကိုယ်စီရ

November 26, 2018

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်၊ မြန်မာနေရှင်နယ်လိဂ်၏ မိတ်ဖက်ဖြစ်သည့် MPT တို့ ပူးပေါင်းကျင်းပသည့် အသက် ၁၄ နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ (MPT U-14 Football Tournament 2018) (TaungGyi) ဇုန် ဘောလုံးပြိုင်ပွဲများကို နိုဝင်ဘာ ၂၆ ရက်(ယနေ့) နံနက်က တောင်ကြီးကွင်းတွင် စတင်ကျင်းပခဲ့ပြီး ပွဲဦးထွက်တွင် ဟိုပုံးအသင်း၊ ပင်လောင်းအသင်းတို့ နိုင်ပွဲ ကိုယ်စီရရှိခဲ့ကြသည်။

(MPT U-14 Football Tournament 2018) (TaungGyi) ဇုန် ဘောလုံးပြိုင်ပွဲ ပွဲစဉ်ဇယား

MPT-MNL U-14 (Fixtures)(1)1484711837

ယနေ့ နံနက် ၈း၀၀ နာရီက ကစားခဲ့သည့် ပင်းတယအသင်းနှင့် ဟိုပုံးအသင်းတို့ပွဲစဉ်တွင် ဟိုပုံး အသင်းက ၅-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး နံနက် ၉း၃၀ က ကစားခဲ့သည့် လင်းခေးအသင်းနှင့် ပင်လောင်း အသင်းတို့ပွဲစဉ်တွင် ပင်လောင်းအသင်းက ၁-၀ ဂိုးဖြင့် အနိုင်ရခဲ့သည်။

ဒုတိယနေ့ပွဲစဉ်များကို နိုဝင်ဘာ ၂၇ ရက်(မနက်ဖြန်) နံနက်၊ တောင်ကြီးကွင်း၌ပင် ဆက်လက် ကစား မည်ဖြစ်ပြီး နံနက် ၈း၀၀ နာရီတွင် ညောင်ရွှေအသင်းနှင့် နမ့်စန်အသင်း၊ နံနက် ၉း၃၀ တွင် ဆီဆိုင် အသင်းနှင့် တောင်ကြီးအသင်းတို့ ဆက်လက်ကစားကြမည်ဖြစ်သည်။