MPT ယူ ၁၄ ဘောလုံးပြိုင်ပွဲ အုပ်စု(က)၊ (ခ) ပွဲစဉ်များအပြီး ဟိုပုံးအသင်းနှင့် ပင်လောင်းအသင်းတို့ အကြိုဗိုလ်လုပွဲတက်ရောက်

November 30, 2018
MPT အသက် ၁၄ နှစ်အောက် ဘောလုံးပြိုင်ပွဲ အုပ်စု(က)နှင့် အုပ်စု(ခ) ပွဲစဉ်များ ပြီးဆုံးသွားခဲ့ပြီဖြစ်ရာ ဟိုပုံးလူငယ်အသင်းနှင့် ပင်လောင်းလူငယ်အသင်းတို့ အကြိုဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည်။
 
ယနေ့ နံနက်ပိုင်းက တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်းတွင် ကျင်းပခဲ့သည့် အုပ်စု(က) နောက်ဆုံးပွဲစဉ်တွင် ဟိုပုံးအသင်းက ရွာငံအသင်းကို ၆-၁ ဂိုးဖြင့် အနိုင်ရခဲ့ပြီး အုပ်စုတွင်း နှစ်ပွဲစလုံးအနိုင်ရကာ နောက်တစ်ဆင့် တက်ရောက်ခဲ့သည်။
အလားတူ ပင်လောင်းအသင်းနှင့် ရပ်စောက်အသင်းတို့ ယှဉ်ပြိုင်ခဲ့သည့် အုပ်စု(ခ) နောက်ဆုံးပွဲစဉ်တွင် ပင်လောင်းအသင်းက ၂-၁ ဂိုးဖြင့် အနိုင်ရပြီး အကြိုဗိုလ်လုပွဲ တက်ရောက်ခွင့် ရရှိခဲ့ကြောင်း သိရသည်။
 
အုပ်စု(ဂ)၊ (ဃ) နောက်ဆုံးပွဲစဉ်များကို ဒီဇင်ဘာ ၁ ရက် နံနက်ပိုင်းတွင် တောင်ကြီးမြို့၊ ပြည်နယ်အားကစားကွင်း၌ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး နမ့်ဆန်အသင်းနှင့် ကလောအသင်း၊ တောင်ကြီးနှင့် ဖယ်ခုံအသင်းတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။
ယင်းပွဲစဉ်များအပြီးတွင် အုပ်စု(ဂ)နှင့် အုပ်စု(ဃ) မှ နောက်တစ်ဆင့်တက်ရောက်နိုင်မည့်အသင်းများ အဖြေထွက်ပေါ်လာမည်ဖြစ်သည်။
 
၁-၁၂-၂၀၁၈/ နံနက် ၈း၀၀
နမ့်ဆန်-ကလော
 
တောင်ကြီး-ဖယ်ခုံ / နံနက် ၉း၃၀