နန္ဒကျော်၊ ဆက်ဖြိုးဝေ၊ ရဲရင့်ထွန်းနှင့် ပြည့်စုံအောင်တို့ကို ရှမ်းယူနိုက်တက်အသင်း ခေါ်ယူ

December 4, 2018

MPT Myanmar National League 2019 ရာသီအတွက် ပြင်ဆင်မှုများ ပြုလုပ်နေသည့် ရှမ်းယူနိုက်တက်အသင်းသည် မကွေးအက်ဖ်စီအသင်း၏ ကစားသမားဟောင်းများဖြစ်ကြသည့် နန္ဒကျော်၊ ဆက်ဖြိုးဝေ၊ ရတနာပုံကစားသမားဟောင်း ရဲရင့်ထွန်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းမှ ပြည့်စုံအောင်တို့ကို အပြီးသတ်ခေါ်ယူနိုင်ခဲ့ပြီဖြစ်ကြောင်း သိရသည်။

၂၀၁၇ မြန်မာနေရှင်နယ်လိဂ်ချန်ပီယံ ရှမ်းယူနိုက်တက်အသင်းသည်
လက်ရွေးစင်နောက်ခံလူ နန္ဒကျော်၊ လက်ရွေးစင်ဟောင်း ဆက်ဖြိုးဝေ နှင့် ရဲရင့်ထွန်းတို့ကို တို့ကို ၂ နှစ် စာချုပ် ချုပ်ဆိုခဲ့ပြီး တောင်ပံကစားသမား ပြည့်စုံအောင်အား ၃ နှစ် သက်တမ်းရှိ စာချုပ်များ ချုပ်ဆိုခဲ့ကြောင်း ရှမ်းယူနိုက်တက်အသင်းမှ သတင်းထုတ်ပြန်သည်။

အဆိုပါ ကစားသမားများမှာ သက်ဆိုင်ရာကလပ်အသင်းများမှ အလွတ်ပြောင်းရွှေ့ကြေးဖြင့် ရောက်ရှိလာခဲ့သူများဖြစ်ပြီး ရှမ်းအသင်းက လက်ဦးမှု ရယူကာ ခေါ်ယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ 

ရှမ်းယူနိုက်တက်အသင်းသည် လာမည့်နှစ်တွင် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲ၊ ရှုံးထွက်ပြိုင်ပွဲနှင့် အေအက်ဖ်စီဖလားပြိုင်ပွဲတို့ကို ၀င်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။