ပင်နယ်တီအဆုံးအဖြတ်ဖြင့် ချန်ပီယံဖြစ်လာခဲ့သည့် ကလောအသင်း
ရှမ်းပြည်နယ် အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်၏ ဦးဆောင်လမ်းညွှန်မှုဖြင့် မြန်မာ နိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ် လိဂ်နှင့် MPT တို့မှ အခြေခံပညာဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတိှု့နှင့် ပူးပေါင်းကျင်းပသည့် MPT အသက် ၁၄ နှစ်အောက် လူငယ် ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဒီဇင်ဘာ ၅ ရက်(ယနေ့)ညနေက တောင်ကြီးဘောလုံးကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဗိုလ်လုပွဲတွင် ကလောအသင်းနှင့် တောင်ကြီးအသင်းတို့ ကစားခဲ့ကြပြီး ကလောအသင်းက ပင်နယ်တီအဆုံးအဖြတ် ၄-၃ ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။
ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ ရှမ်းပြည်နယ် အစိုးရအဖွဲ့ လူမူရေးဝန်ကြီး ဒေါက်တာ မျိုးထွန်း၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ၀န်ကြီး ဒေါက်တာ ညီညီအောင်၊ ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်၊ ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်၊ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေ ရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်၊ MPT JO မှ COO မစ္စတာ ဘန်ဘီနိုစံ၊ MPT JO မှ Marketing DGM Mr.Sombat ၊ မြန်မာ့ ဆက်သွယ်ရေးမှ ပြည်နယ်မန်နေဂျာ ဦးကြည်ဝင်း၊ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထန်အိတ်၊ ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင်၊ သက်ဆိုင်ရာ စပွန်ဆာ ကုမ္မဏီများမှ တာဝန်ရှိသူများ၊ အခြေခံပညာ ဦးစီးဌာနမှ တာဝန်ရှိသူများ၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ဆရာ၊ဆရာမများ၊ ကျောင်းသား/သူများနှင့် ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တက်ရာက်ခဲ့ကြသည်။
ရှေးဦးစွာ ကလောအသင်းနှင့် တောင်ကြီးအသင်းတို့ ကစားခဲ့ကြသည့် ဗိုလ်လုပွဲ ပွဲစဉ်တွင် တာဝန်ယူခဲ့ သည့် ဒိုင်လူကြီးများအား အသိအမှတ်ပြု ဆုတံဆိပ်ချီး မြှင့်ခဲ့ပြီး အဆိုပါဆုတံဆိပ်ကို ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးထန်အိတ်မှ ချီးမြှင့်ပေးခဲ့သည်။
တောင်ကြီးဇုန် MPT U-14 Football Tournament 2018 ဘောလုံးပြိုင်ပွဲတွင် ရှေ့တန်းအကောင်းဆုံး ကစားသမားဆုကို တောင်ကြီး အသင်းမှ ကျောနံပါတ် (၁၉) မောင်ငယ်မှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေ ကျပ် နှစ်သောင်းကို Myanmar Care မှ Corporate Communication Manager ဦးမိုးဇော်မှ ချီးမြှင့် ပေးခဲ့သည်။
အလယ်တန်းအကောင်းဆုံး ကစားသမားဆုကို တောင်ကြီးအသင်းမှ ကျောနံပါတ် (၃) ကျော်နိုင်မှ ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် နှစ်သောင်းကို MPT JO မှ Marketing DGM Mr.Sombat မှ ချီးမြှင့် ပေးခဲ့သည်။
ပြိုင်ပွဲတွင် နောက်တန်းအကောင်းဆုံးကစားသမားဆုကို တောင်ကြီးအသင်းမှ ကျောနံပါတ် (၄) ခွန် အောင်ထွန်းက ရရှိခဲ့ပြီး ဆု တံဆိပ်နှင့် ဆုငွေကျပ် နှစ်သောင်းကို ရှမ်းပြည်နယ် ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးစိန်လှိုင်မှ ချီးမြှင့်ပေးခဲ့သည်။
အကောင်းဆုံးဂိုးသမားဆုကို ကလောအသင်းမှ ကျောနံပါတ်(၁) ကောင်းခန့်သူက ရရှိခဲ့ပြီး ဆုတံဆိပ် နှင့် ဆုငွေကျပ် နှစ်သောင်းကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပြည်နယ်မန်နေဂျာ ဦးကြည်ဝင်းမှ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ဂိုးသွင်းအများဆုံး ကစားသမားဆု၊ ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုနှင့် အသန့်ရှင်းဆုံး အသင်းဆုတို့ကို ဆက်လက်ချီးမြှင့်ခဲ့သည်။ ဂိုးသွင်းအများဆုံး ကစားသမားဆုကို ဟိုပုံး အသင်းမှ ကျော်ဇေယျက ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် နှစ်သောင်းကို ရှမ်းပြည်နယ် ဆပ်ကော်မတီဥက္ကဋ္ဌ ဦးခင်မောင်လွင်ကြီးမှ ချီးမြှင့်ပေးခဲ့သည်။
ပြိုင်ပွဲတစ်လျှောက် အကောင်းဆုံးကစားသမားဆုကို ကလောအသင်းမှ ကျောနံပါတ် (၉) ညီညီ အောင်က ရရှိခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် သုံးသောင်းကို MPT မှ Marketing Director ဦးခင် မောင်မြင့်မှ ချီးမြှင့်ပေးခဲ့သည်။
အသန့်ရှင်းဆုံးအသင်းဆုကို ပင်လောင်းအသင်းမှ ရရှိခဲ့ပြီး အသန့်ရှင်းဆုံး ဆုကြေးငွေကျပ် နှစ်သိန်းကို ပရီမီယားမှ Brand Manager ဦးမျိုးကိုမှ ချီးမြှင့်ပေးခဲ့သည်။
ပင်လောင်းအသင်းအား ပင်နယ်တီအဆုံးအဖြတ် ၅-၃ ဂိုးဖြင့် အနိုင်ရကာ တတိယဆုရရှိခဲ့သည့် ဟိုပုံးအသင်းအတွက် တစ်ဦးချင်း ဆုတံဆိပ်များကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် ပြည်နယ်သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ ညီညီအောင်မှ ချီးမြှင့်ပေးခဲ့သည်။
ထို့နောက် ရှမ်းပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးသန်းထိုက်မှ တတိယဆုရခဲ့သည့် ဟိုပုံးအသင်း ကို ဆုကြေးငွေကျပ် သုံးသိန်း ချီးမြှင့်ပေးခဲ့သည်။
ဒုတိယဆုကို တောင်ကြီးအသင်းက ရရှိခဲ့ပြီး တစ်ဦးချင်း ငွေတံဆိပ်ဆုများကို မြန်မာနေရှင်နယ်လိဂ် စီအီးအို ဦးစိုးမိုးကျော်နှင့် MPT JO မှ COO မစ္စတာဘန်ဘီနိုစံတို့မှ ချီးမြှင့်ပေးခဲ့ပြီး ဒုတိယဆု အတွက် ဆုငွေကျပ် ငါးသိန်းကို MPT JO မှ COO မစ္စတာဘန်ဘီနိုစံက ဆက်လက်ချီးမြှင့်ပေးခဲ့သည်။
ပထမဆုရခဲ့သည့် ကလောအသင်းအား တစ်ဦးချင်း ရွှေတံဆိပ်ဆုများကို ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးစိုးညွှန့်လွင်မှ ချီးမြှင့်ပေးခဲ့ပြီး ပထမဆု အတွက် ဆုကြေးငွေကျပ် ၁၀ သိန်းကို မစ္စတာဘန်ဘီနိုစံ ထပ်မံ ချီးမြှင့်ခဲ့သည်။
ထို့နောက် လူမူရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ ပထမဆုရရှိခဲ့သည့် ကလောအသင်းကို ချန်ပီယံ တံခွန်စိုက်ဆုဖလား ချီးမြှင့်ပေးခဲ့ပြီး ဆုပေးပွဲအခမ်းအနားအား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့သည်။
မြန်မာ့ဘောလုံးလောကဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF)၊ မြန်မာ နေရှင်နယ်လိဂ်(MNL) နှင့် MPT တို့ပူးပေါင်း၍ MPT U-14 Football Tournament 2018 ဘောလုံး ပြိုင်ပွဲများကို ယခုနှစ်အတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ် ရှစ်ခုတို့တွင် အောင်မြင်စွာ ကျင်းပပြီးစီးနိုင် ခဲ့ပြီဖြစ်သည်။ ကျင်းပပြီးစီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှာ မန္တလေးမြို့၊ မုံရွာမြို့၊ ပဲခူးမြို့၊ မော်လမြိုင်မြို့၊ စစ်တွေမြို့၊ ပုသိမ်မြို့၊ ရန်ကုန်မြို့နှင့် တောင်ကြီးမြို့များ ဖြစ်သည်။