မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီအနေဖြင့် ချင်းယူနိုက်တက်အသင်းနှင့် အားကစားနှင့်ကာယပညာသိပံ္ပအသင်းတို့အား MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခွင့် ပြုခဲ့ပြီဖြစ်သည်။
ချင်းယူနိုက်တက်အသင်းနှင့် အား/ကာသိပံ္ပအသင်းတို့မှာ ၂၀၁၉ ခုနှစ် မြန်မာနေရှင်နယ်လိဂ် ၂ အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် အသင်းသစ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် တင်ပြလျောက်ထားခဲ့မှုအပေါ် မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ စီစစ်ပြီး သဘောတူ ခွင့်ပြုခဲ့ခြင်းဖြစ်သည်။
သို့သော် အဆိုပါ ကလပ်အသင်းများအနေဖြင့် မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ သတ်မှတ်ထားသည့် AFC Club Licensing Criteria များအား တိတိကျကျ လိုက်နာဆောင်ရွက်သွားရန်နှင့် မြန်မာနေရှင်နယ်လိဂ် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ဖွဲ့စည်း ယှဉ်ပြိုင်သွားရန် လိုအပ်မည်ဖြစ်ကြောင်း သိရသည်။