မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ကော်မတီမှ ကြီးမှူးကျင်းပမည့် MPT Myanmar National League 2019 ရာသီအတွက် ပြိုင်ပွဲဝင်အသင်းများမှ ကစားသမားများအနေဖြင့် ၂၀၁၉ ခုနှစ် ဘောလုံးရာသီမှ စတင်၍ ကစားသမား မှတ်ပုံတင်ရာတွင် အသင်းနှင့် ချုပ်ဆိုထားသည့် စာချုပ် စာတမ်းအပြင် ကျန်းမာရေး ဆေးစစ်ချက်မှတ်တမ်းကိုပါ ပူးတွဲတင်ပြရမည်ဖြစ်သည်။
ထို့ကြောင့် ကလပ်အသင်းများမှ ကစားသမားများအား ကျန်းမာရေး စစ်ဆေးမှုကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ ဆေးဌာနမှ တာဝန်ယူကာ ယနေ့ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက စတင်ပြုလုပ်ခဲ့ပြီး ရန်ကုန်ယူနိုက်တက်အသင်းကို စတင် ဆေးစစ်မှုပြုလုပ်ခဲ့သည်။