ခြေစမ်းပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းက ရခိုင်ယူနိုက်တက်အသင်းကို နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ

December 12, 2018

MPT Myanmar National League 2019 ရာသီအကြို ဧရာဝတီယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ ယနေ့နံနက်ပိုင်းက ခြေစမ်းကစားခဲ့ရာ ဧရာဝတီယူနိုက်တက်အသင်းက နှစ်ဂိုး၊ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းခြေစမ်းပွဲကို ဗဟန်းမြက်ခင်းတုကွင်း၌ မိနစ် ၃၀၊ သုံးပိုင်းခွဲ၍ ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ဂိုးများကို ဆာဆက်စ်နှင့် မိုက်ကယ်တို့က သွင်းယူပေးခဲ့သည်။

ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ လွင်မိုးအောင်၊ ရဲလင်းထက်၊ စိုးမိုးကျော်၊ နန်းထိုက်ဇော်၊ ဇော်လင်း စသည့် ကစားသမားများကို ခေါ်ယူထားသည့် ဧရာဝတီအသင်းသည် ရာသီကြို ခြေစမ်းပွဲများတွင် ရလဒ်ကောင်းများ ပိုင်ဆိုင်လျက်ရှိသည်ကို တွေ့ရသည်။

ဧရာဝတီအသင်းသည် ရန်ကုန်ယူနိုက်တက်အသင်းကို ၃-၂ ဂိုး၊ စစ်ကိုင်းယူနိုက်တက်အသင်းကို ၂-၀ ဂိုးဖြင့် အနိုင်ရရှိထားသည်။

ထို့အတူ ပြိုင်ဘက် ရခိုင်​အသင်းသည် ရာသီကြိုခြေစမ်းပွဲများတွင် တပ်​မ​တော်​ (​ရေ)အသင်းကို ၅-၂ဂိုး၊  ရန်​ကုန်​အသင်းနှင့်​ပွဲတွင်​ တစ်​ဘက်​နှစ်​ဂိုးစီ သ​ရေရလဒ်​ထွက်​​ပေါ်ထားသည်​။

ထို့ပြင် ယနေ့နံနက်ပိုင်းက သုဝဏ္ဏမြက်ခင်းတုကွင်း၌ မကွေးအက်ဖ်စီအသင်းနှင့် မြန်မာနေရှင်နယ်လိဂ် ၂ ကလပ် ချင်းယူနိုက်တတက်အသင်းတို့ ခြေစမ်းကစားခဲ့ပြီး မကွေးအသင်းက ၅ ဂိုးပြတ် အနိုင်ရရှိခဲ့ကြောင်း သိရသည်။