ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်တို့အပါအ၀င် ကစားသမားသစ် ၁၅ ဦးထိ ခေါ်ယူခဲ့သည့် ဧရာဝတီယူနိုက်တက်

December 13, 2018

၂၀၁၉ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်နေသည့် ဧရာဝတီယူနိုက်တက်အသင်းသည် မကွေးအသင်းမှ ဂိုးသမားကျော်ဇင် ဖြိုး၊ ကျော်ဇင်လွင်တို့အပါအ၀င် ကစားသမားသစ် ၁၅ ဦးအထိ ခေါ်ယူခဲ့သည်။

ဧရာဝတီအသင်းသည် ပြီးခဲ့သည့် MPT Myanmar National Laegue 2018 အမှတ်ပေးပြိုင်ပွဲတွင် ရလဒ်များဆိုးရွားခဲ့ပြီး အဆင့် ၈ နေရာတွင်သာ ရပ်တည်ခဲ့ရသည့်အတွက် လာမည့်ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုများစွာ ပြုလုပ်လျက်ရှိသည်။ လက်ရှိ တွင် မကွေးအသင်းမှ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်တို့အပါအ၀င် ကစားသမားသစ် ၁၅ ဦးထိ အားဖြည့် ခေါ်ယူခဲ့သည်။ ဧရာဝတီအသင်း ခေါ်ယူခဲ့သည့် ကစားသမားသစ်များမှာ ကျော်ဇင်ဖြိုး၊ ကျော်ဇင်လွင်၊ ဇော်လင်း၊ ရဲလင်းထက်၊ ဝင်းဌေးကျော်၊ လျို၊ ဖြိုးမောင်မောင်ဆွေ၊ သန့်ဇင်ဝင်း၊ ဇော်ဝင်း၊ ထွန်းမင်းစိုး၊ အောင်မျိုးထွေး၊ စိုင်းဇော်ဇော်ခန့်၊ လွင်မိုးအောင်၊ စိုးမိုးကျော်၊ နန်းထိုက်ဇော် တို့ ဖြစ်ကြသည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်တွင် ကစား၌ ကစားခဲ့သည့် ကစားသမားရှစ်ဦးကို စာချုပ်သက်တမ်းတိုးခဲ့ပြီး အဆိုပါကစားသမားများမှာ စိုးကိုကို၊ ကျော်မြင့်ဝင်း၊ အောင်ကျော်နိုင်၊ အောင်မိုးထွေး၊ ချစ်သက်ဦး၊ ကျော်မင်းသန်း၊ ဝေဖြိုးအောင်၊ ကိုကိုဟိန်းတို့ ဖြစ်ကြောင်း ဧရာဝတီယူနိုက် တက်အသင်း၏ တရားဝင်သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဧရာဝတီယူနိုက်တက်အသင်းသည် လာမည့် ဒီဇင်ဘာ ၁၄ ရက်၊ နံနက် ၈း၀၀ နာရီ၊ ဗဟန်း M3 ကွင်းတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ရာသီကြို ခြေစမ်းပွဲထပ်မံကစားရန် ရှိနေသည်။