MNL I

ခြေစမ်းပွဲတွင် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီယူနိုက်တက်အသင်းတို့ နှစ်ဂိုးစီ သရေကျ

By khtit

December 14, 2018

၂၀၁၉ ဘောလုံးရာသီသစ်အတွက် ကြိုတင်ပြင်ဆင် သည့်အနေဖြင့် ရှမ်းယူနိုက်တက်အသင်းနှင့် ဧရာဝတီ ယူနိုက်တက်အသင်းတို့ ဒီဇင်ဘာ ၁၄ ရက်(ယနေ့) နံနက်က ဗဟန်း၊ M3 ကွင်းတွင် ခြေစမ်းပွဲကစားခဲ့ကြပြီး တစ်ဖက် နှစ်ဂိုးစီဖြင့် သရေကျခဲ့သည်။ ဧရာဝတီယူနိုက်တက်အသင်းအတွက် သွင်းဂိုး နှစ်ဂိုးကို သီဟဇော်တစ်ဦးတည်းမှ သွင်းယူခဲ့ပြီး ရှမ်းယူနိုက်တက် အသင်းအတွက် သွင်းဂိုးများကို ခြေစွမ်းစမ်းသပ်ခံနေ သည့် ဂျပန်ကစားသမား နာကာမူရာနှင့် ဇင်မင်းထွန်း တို့က သွင်းယူပေးခဲ့သည်။