MNL I

ရာသီကြိုခြေစမ်းပွဲများတွင် ပထမဆုံးနိုင်ပွဲ ရရှိခဲ့သည့် ရန်ကုန်ယူနိုက်တက်အသင်း

By khtit

December 15, 2018

MPT Myanmar National League 2019 ရာသီကြို ခြေစမ်းပွဲအဖြစ် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ဟံသာဝတီယူနိုက်တက်အသင်းတို့ ရန်ကုန်အသင်း လေ့ကျင့်ရေးကွင်း၌ ခြေစမ်းကစားခဲ့ပြီး ရန်ကုန်အသင်းက ဆီလာ၏ တစ်လုံးတည်းသော သွင်းဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းမှာ ရာသီကြို ခြေစမ်းပွဲများအနက် ရန်ကုန်အသင်း၏ ပထမဦးဆုံး နိုင်ပွဲလည်းဖြစ်ပြီး ပွဲအစ တစ်မိနစ်မှာပင် ဆီလာက အနိုင်ဂိုး သွင်းယူပေးခဲ့ခြင်းဖြစ်သည်။