MPT Myanmar National League 2019 ရာသီမတိုင်မီ မြန်မာနေရှင်နယ်လိဂ် ကလပ်အသင်းများအနေဖြင့် ပြင်ဆင်မှုများ အသီးသီး ပြုလုပ်လျက်ရှိရာ ဆောက်သမ်းမြန်မာနှင့် ရခိုင်ယူနိုက်တက်၊ ဇွဲကပင်ယူနိုက်တက်နှင့် မကွေးအက်ဖ်စီအသင်းတို့ ဒီဇင်ဘာ ၁၉ ရက်တွင် ခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားကြမည်ဖြစ်သည်။
ဆောက်သမ်းမြန်မာနှင့် ရခိုင်ယူနိုက်တက်အသင်းတို့၏ ပွဲစဉ်ကို စလင်းကွင်း၌ နံနက် ၇း၀၀ နာရီအချိန်တွင် ကစားသွားမည်ဖြစ်ပြီး ဇွဲကပင်ယူနိုက်တက်နှင့် မကွေးအက်ဖ်စီအသင်းတို့ ပွဲစဉ်ကို သုဝဏ္ဏမြက်ခင်းတုကွင်းတွင် နံနက် ၈း၀၀ နာရီအချိန်တွင် ခြေစမ်းကစားသွားမည်ဖြစ်သည်။
ရခိုင်အသင်းသည် ပြီးခဲ့သည့် ဒီဇင်ဘာ ၁၂ ရက်က နောက်ဆုံးခြေစမ်းပွဲတွင် ဧရာဝတီယူနိုက်တက်အသင်းကို ၀-၂ ဂိုးဖြင့် အရေးနိမ့်ထားပြီး မကွေးအက်ဖ်စီအသင်းမှာ ဒီဇင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ခဲ့သည့် နောက်ဆုံးခြေစမ်းပွဲတွင် စစ်ကိုင်းယူနိုက်တက်အသင်းနှင့် တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ထားသည်။