ငွေတံဆိပ်ဆုရ တက္ကသိုလ်လက်ရွေးစင်အသင်းအား ချီးကျူးဂုဏ်ပြုအပ်ပါသည်

December 19, 2018

နေပြည်တော်တွင် ကျင်းပခဲ့သော (၁၉) ကြိမ်မြောက် အာဆီယံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲတွင် ဒုတိယငွေတံဆိပ်ဆု ရရှိခဲ့သည့် မြန်မာတက္ကသိုလ်လက်ရွေးစင်ဘောလုံးအသင်းအား မြန်မာနေရှင်နယ်လိဂ်မှ ချီးကျူးဂုဏ်ပြုအပ်ပါသည်။

မြန်မာအသင်းသည် အာဆီယံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် အကောင်းဆုံးကြိုးပမ်း ယှဉ်ပြိုင်ခဲ့သော်လည်း ထိုင်းအသင်းကို နှစ်ဂိုးပြတ် အရေးနိမ့်ခဲ့ပြီး ဒုတိယဆုဖြင့်သာ ကျေနပ်ခဲ့ရသည်။

အာဆီယံတက္ကသိုလ်များ ဘောလုံးပြိုင်ပွဲဝင် မြန်မာအသင်းကို မြန်မာနေရှင်နယ်လိဂ် ၂ ပြိုင်ပွဲဝင် ယူနီဗာစတီအသင်းကို အခြေခံ၍ ယှဉ်ပြိုင်ခဲ့ခြင်းဖြစ်သည်။