၂၀၁၉ ကွင်းဖွင့်ဖလား(ချာရတီဖလား)ပြိုင်ပွဲအား ဇန်န၀ါရီ ၆ ရက်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်

December 23, 2018

ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရှမ်းယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၉ ကွင်းဖွင့်ဖလား(ချာရတီဖလား)ပြိုင်ပွဲကို ဇန်န၀ါရီ ၆ ရက်တွင် အောင်ဆန်းကွင်း၌ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ချာရတီဖလားပြိုင်ပွဲသည် အမှတ်ပေး ချန်ပီယံအသင်းနှင့် ရှုံးထွက်ချန်ပီယံအသင်းတို့  ယှဉ်ပြိုင်ရခြင်းဖြစ်သော်လည်း ရန်ကုန်အသင်းက ၂၀၁၈ ရာသီတွင် ပြိုင်ပွဲနှစ်ရပ်စလုံး၌ ချန်ပီယံဖြစ်ခဲ့သဖြင့် အမှတ်ပေး ပြိုင်ပွဲ ဒုတိယ ရှမ်းယူနိုက်တက်နှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ရခြင်းဖြစ်သည်။

အဆိုပါ ပွဲစဉ်ကို အောင်ဆန်းကွင်း၌ ညနေ ၃း၃၀ အချိန်တွင် ကျင်းပသွားမည်းဖြစ်ပြီး အထူးတန်း ၂၀၀၀ ကျပ်နှင့် ရိုးရိုးတန်း ၁၀၀၀ ကျပ် သတ်မှတ်ထားကာ ဖျော်ဖြေရေး အစီအစဉ်များပါ ထည့်သွင်းပြုလုပ်သွားမည်ဖြစ်သည်။

ရန်ကုန်အသင်းနှင့် ရှမ်းအသင်းတို့ ယှဉ်ပြိုင်ကစားမည့် ၂၀၁၉ ကွင်းဖွင့်ဖလား (ချာရတီဖလား)ပြိုင်ပွဲမှ ရရှိသည့် ကွင်းဝင်ကြေးများအား နှစ်စဉ်ပြုလုပ်နေကျအတိုင်း ပရဟိတကျောင်းများသို့ လှူဒါန်းပေးသွားမည်ဖြစ်ပါသည်။