[fusion_builder_container hundred_percent=”no” equal_height_columns=”no” menu_anchor=”” hide_on_mobile=”small-visibility,medium-visibility,large-visibility” class=”” id=”” background_color=”” background_image=”” background_position=”center center” background_repeat=”no-repeat” fade=”no” background_parallax=”none” parallax_speed=”0.3″ video_mp4=”” video_webm=”” video_ogv=”” video_url=”” video_aspect_ratio=”16:9″ video_loop=”yes” video_mute=”yes” overlay_color=”” video_preview_image=”” border_size=”” border_color=”” border_style=”solid” padding_top=”” padding_bottom=”” padding_left=”” padding_right=””][fusion_builder_row][fusion_builder_column type=”1_1″ layout=”1_1″ background_position=”left top” background_color=”” border_size=”” border_color=”” border_style=”solid” border_position=”all” spacing=”yes” background_image=”” background_repeat=”no-repeat” padding_top=”” padding_right=”” padding_bottom=”” padding_left=”” margin_top=”0px” margin_bottom=”0px” class=”” id=”” animation_type=”” animation_speed=”0.3″ animation_direction=”left” hide_on_mobile=”small-visibility,medium-visibility,large-visibility” center_content=”no” last=”no” min_height=”” hover_type=”none” link=””][fusion_text]
ကျင်းပလျှက် ရှိသည့် MPT Myanmar National League 2019 အမှတ်ပေး ဘောလုံးပြိုင်ပွဲတွင် ၁၀၀ ပြည့် သွင်းဂိုးကို သွင်းယူပေးနိုင်ခဲ့သည့် ဆောက်သမ်းမြန်မာအသင်း တိုက်စစ်မှူး ကောင်းစည်သူကို MPT မှ အမှတ်တရဆု ပေးအပ်ခဲ့သည်။
အဆိုပါ အမှတ်တရ ဆုကို MPT JO ၏ Corporate Communication Department မှ Deputy General Manager ဦးမိုးသူရက ယနေ့ ယှဉ်ပြိုင်ကစားခဲ့သည့် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ဆောက်သမ်းမြန်မာ အသင်းတို့၏ ပွဲစဉ်မစတင်မီတွင် ပေးအပ်ခဲ့သည်။
၂၀၁၉ MPT မြန်မာနေရှင်နယ်လိဂ် ပြိုင်ပွဲကို ဇန်နဝါရီ ၁၂ ရက်က စတင်ကျင်းပခဲ့ရာ ပြီးခဲ့သည့် မတ်လ ၃၀၊ ၃၁ ရက်က ကျင်းပခဲ့သည့် ပွဲစဉ် ၆ ပွဲစဉ်များ အရောက်တွင် စုစုပေါင်း သွင်းဂိုး ၁၀၀ ကျော်လွန်သွားခဲ့ခြင်း ဖြစ်သည်။ ယခုနှစ် ပြိုင်ပွဲအတွက် ရာပြည့်သွင်းဂိုးကို ဆောက်သမ်းမြန်မာ အသင်း၏ အဓိက တိုက်စစ်မှူး ကောင်းစည်သူက မကွေးအသင်းနှင့် ယှဉ်ပြိုင်ကစားခဲ့သည့် ပွဲစဉ် ၆ ပွဲစဉ်တွင် သွင်းယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ကောင်းစည်သူသည် ဆောက်သမ်းမြန်မာ အသင်းက မကွေးအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ဆောက်သမ်းအသင်းအတွက် သွင်းဂိုးနှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့ခြင်း ဖြစ်ပြီး ပွဲချိန် ၈၅ မိနစ်တွင် သွင်းယူပေးခဲ့သည့် ၎င်း၏ ဒုတိယမြောက် သွင်းဂိုးမှာ အသင်းအတွက် အနိုင် ၃ မှတ်ကို ရယူပေးနိုင်ခဲ့သလို ယခုနှစ်အတွက် ရာပြည့်သွင်းဂိုး အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ခြင်း ဖြစ်သည်။
[/fusion_text][/fusion_builder_column][/fusion_builder_row][/fusion_builder_container]