ချင်းလန်း – ရတနာပုံ ပဲတွင် ဒိုင်များကို ဆဲဆိုခဲ့သူ ချင်းလန်း ဂိုးနည်းပြကို စည်း/ထိန်းမှ ပြစ်ဒဏ်ချမှတ်

April 23, 2019

[fsn_row][fsn_column width=”12″][fsn_text][/fsn_text][/fsn_column][/fsn_row]

ပြီးခဲ့သည့် ဧပြီ ၂၀ ရက်က ရန်ကုန်မြို့ သုဝဏ္ဏကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ချင်းလန်း အသင်းနှင့် ရတနာပုံ အသင်းတို့၏ MPT Myanmar National League 2019 ပွဲစဉ် ၈ ပွဲစဉ်တွင် ဒိုင်လူကြီးများအား ကြမ်းတမ်းစွာ ဆဲဆိုခဲ့သူ ချင်းလန်း အသင်းမှ ဂိုးနည်းပြ ဦးမြင့်ဦးအား မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ်ချမှတ်မှု ပြုလုပ်ခဲ့သည်။

ရတနာပုံ အသင်းမှ ချင်းလန်းအသင်းကို ၂-၁ ဂိုးဖြင့် အနိုင်ရခဲ့သည့် အဆိုပါ ပွဲစဉ် ပွဲပြီးချိန်တွင် ဒိုင်လူကြီးများ ကွင်းအတွင်းမှ ပြန်လည် ထွက်ခွာလာစဉ် ဦးမြင့်ဦးက ဒိုင်လူကြီးများအား ကြမ်းတမ်းစွာ ဆဲဆိုခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ဖြစ်စဉ်အတွက် မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ယနေ့ ဧပြီ ၂၃ ရက် နံနက် ၁၀ နာရီတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ခဲ့ပြီး တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း ပြစ်ဒဏ်ချမှတ်ခဲ့သည်။

  • ချင်းလန်း အသင်းမှ ဂိုးနည်းပြ ဦးမြင့်ဦးအား MPT Myanmar National League I & II Regulations 2019 စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ် (၁၀) အရ အနီးစပ်ဆုံး (၅) ပွဲ ကွင်းအတွင်း ဝင်ရောက်ကြီးကြပ်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ် ရှစ်သိန်း ပေးဆောင်ရန်။