MNL I

စစ်ကိုင်းနှင့် ပွဲတွင် အနီကတ် ထိခဲ့သည့် ရဲကိုဦးကို စည်းထိန်းမှ ပြစ်ဒဏ်ချမှတ်

By Ye Min Win

June 26, 2019

ပြီးခဲ့သည့် ဇွန်လ ၂၂ ရက်နေ့က မုံရွာမြို့ရှိ ပြည့်သူ့ အားကစားကွင်းတွင် ယှဉ်ပြိုင်ကစားခဲ့ကြသည့် စစ်ကိုင်းယူနိုက်တက် အသင်းနှင့် ရတနာပုံ အသင်းတို့၏ MPT Myanmar National League 2019 ပွဲစဉ် ၁၃ ပွဲစဉ်တွင် တိုက်ရိုက်အနီကတ် ပြသခြင်း ခံခဲ့ရသည့် ရတနာပုံ အသင်းခေါင်းဆောင် ရဲကိုဦးကို မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီမှ ပြစ်ဒဏ် ချမှတ်မှု ပြုလုပ် လိုက်သည်။

ရဲကိုဦးသည် ယင်းပွဲစဉ်၏ ပွဲချိန် မိနစ် ၆၀ တွင် ကွင်းလယ် ဒိုင်လူကြီး၏ ဆုံးဖြတ်ချက်ကို မကျေနပ်သဖြင့် ကွင်းလယ် ဒိုင်လူကြီးအား ကြမ်းတမ်းစွာ ဆဲဆိုခဲ့သောကြောင့် ကွင်းလယ်ဒိုင်လူကြီးမှ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ ပွဲအပြီး ဒိုင်လူကြီးများ ကွင်းအတွင်းမှ ထွက်လာချိန်တွင်လည်း ရဲကိုဦး အနေဖြင့် ဒိုင်လူကြီးများ နားနေခန်းရှေ့တွင် ထပ်မံဆဲဆို ကြိမ်းမောင်းမှုများ ထပ်မံပြုလုပ်ခဲ့သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် စည်းကမ်းထိန်းသိမ်းရေး ကော်မတီ အနေဖြင့် ဇွန်လ ၂၆ ရက် မွန်းလွဲပိုင်းတွင် အစည်းအဝေးတစ်ရပ် ပြုလုပ်ကာ တာဝန်ကျ ဒိုင်လူကြီးများကို ခေါ်ယူမေးမြန်းခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့၏ အစီရင်ခံစာများကို ဖတ်ရှုလေ့လာခြင်း၊ မှတ်တမ်းတင် ဗီဒီယိုဖိုင်ကို ကြည့်ရှုလေ့လာခြင်းများ ပြုလုပ်ခဲ့ပြီးနောက် အောက်ပါအတိုင်း အရေးယူရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။