[fsn_row][fsn_column width=”12″][fsn_text]
မကွေးတိုင်းဒေသကြီးတွင် ပထမဆုံးအကြိမ်ကျင်းပမည့် MFF-MPT Grassroots Football Festival 2019 နှင့် MPT U-14 Football Tournament 2019 ကျင်းပသွားမည်ဖြစ်ရာ ယင်းပြိုင်ပွဲများနှင့် စပ်လျဉ်းသည့် အစည်းအဝေးကို ယနေ့ ဇွန်လ ၂၈ ရက်၊ နေ့လည်ပိုင်းက တိုင်းအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ယင်းပေါင်းစပ်ညှိနှိုင်းအစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို၊ လူမှုရေးဝန်ကြီး ဒေါက်တာ ခင်မောင်အေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ အာရှဘောလုံးအဖွဲ့ချုပ် ဒုတိယဥက္ကဌနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ ချုပ်ဥက္ကဌ ကိုယ်စား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်၊ မြန်မာနေရှင်နယ်လိဂ် စီမံကိန်းဒါရိုက်တာ ဦးသိုက်စံထွန်း နှင့် အဖွဲ့၊ တိုင်းအားကစားနှင့် ကာယပညာ ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအေးထွဋ်၊ တိုင်းပညာရေးမှူး ဒေါ်ခင်သန်းဦး၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း တိုင်းမန်နေဂျာ ဦးသန်းဌေးအောင်၊ မကွေးမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးစစ်ပိုင် နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ် ဦးစိုးမိုးကျော်က ၂၀၁၈ ခုနှစ်မှ စတင်၍ ၂၀၂၀ ပြည့်နှစ်အထိ သုံးနှစ်တာအတွင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်း၍ Grassroots Football Festival နှင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြီးခဲ့သည့်နှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်(၈) ခုတွင် ကျင်းပပြုလုပ်ခဲ့ပြီး ယခုနှစ်တွင် နေရာနှစ်ခုထပ်မံတိုးမြှင့်၍ တိုင်းဒေသကြီးနှင့် ပြည်နယ် (၁၀) ခုတွင် ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ၂၀၁၉ ခုနှစ်တွင် မကွေးတိုင်းဒေသကြီး တွင်လည်း ကျင်းပသွားမည်ဖြစ်ပါ၍ ယခုခရီးစဉ်အား လာရောက်ရခြင်းဖြစ်ပါကြောင်း စသဖြင့် နှုတ်ခွန်းဆက် စကားပြောဆိုကာ ပြိုင်ပွဲကျင်းပသွားရန် စီစဉ်ထားရှိမှုနှင့် ပတ်သက်ပြီး အသေးစိပ် ရှင်းလင်းတင်ပြခဲ့သည်။
ထို့နောက် မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညိုက ဘောလုံးအားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် လူငယ်ပြိုင်ပွဲများ လာရောက်ကျင်းပပေးမည့် အပေါ် ၀မ်းမြောက်စွာဖြင့် ဂုဏ်ပြုကြိုဆိုပါကြောင်း၊ ပြိုင်ပွဲကျင်းပနေစဉ်ကာလအတွင်း လိုအပ်သည့် ပူးပေါင်းဆောင်ရွက်မှုများလည်း ပြုလုပ်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာသည့် တာဝန်ရှိသူများမှ သိလိုသည်များအား မေးမြန်းခဲ့ကြပြီး အထွေထွေဆွေးနွေးညှိနှိုင်မှုများ ပြုလုပ်ခဲ့သည်။
ထို့သို့ ညှိနှိုင်းအဝေးအပြီးတွင် တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အစိုးရအဖွဲ့ တာဝန်ရှိသူများအား မြန်မာနေရှင်နယ်လိဂ် အမှုဆောင်အရာရှိချုပ်က မြန်မာနေရှင်နယ်လိဂ် ဂျာစီအား အမှတ်တရလက်ဆောင်အဖြစ် ပေးအပ်ခဲ့သည်။
ဝန်ကြီးချုပ်မှ ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြား၍ အမှတ်တရ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကာ အစည်းအဝေးကို ရုတ်သိမ်းခဲ့သည်။
ထို့နောက် အမှုဆောင်အရာရှိချုပ်နှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပြိုင်ပွဲများ ကျင်းပ ပြုလုပ်သွားမည့် မကွေးခရိုင်အားကစားကွင်းကို သွားရောက်ကြည့်ရှု့စစ်ဆေးပြီး ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်နိုင်ရန် ညှိနှိုင်း ဆွေးနွေး လမ်းညွှန်မှု များ ပြုလုပ်ခဲ့သည်။
[/fsn_text][fsn_text][/fsn_text][fsn_text][/fsn_text][/fsn_column][/fsn_row]