[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-14) ပွဲစဉ်တစ်ပွဲအဖြစ် ရခိုင်ယူနိုက် တက်အသင်းသည် လာမည့် ဇွန် ၂၉ ရက်တွင် မကွေးအက်ဖ်စီအသင်းနှင့်ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် မြန်မာ့လက်ရွေးစင်အသင်း နောက်ခံလူ၊ ရခိုင်ယူနိုက်တက် အသင်းခေါင်းဆောင် ငြိမ်းချမ်းနှင့် အောင်သန့်ဇော်တို့ ပွဲပယ် ပြစ်ဒဏ်ကြောင့် လွဲချော်မည်ဖြစ်သည်။
ရခိုင်ယူနိုက်တက်အသင်း နောက်ခံလူ ငြိမ်းချမ်းနှင့် တိုက်စစ်မှူး အောင်သန့်ဇော်တို့သည် အ၀ါကတ် သုံးကတ်ပြည့်ခဲ့ သည့်အတွက် သုံးဝါ တစ်ပွဲပယ် ခံရခြင်းဖြစ်သည်။ တိုက်စစ်မှူး အောင်သန့်ဇော်သည် ၁၃ ပွဲ ကစားပြီးတွင် အသင်းအတွက် သွင်းဂိုး တစ်ဂိုး သွင်းယူပေးထားသည့် အဓိက ကစားသမားတစ်ဦးဖြစ်သလို အသင်းခေါင်းဆောင် နောက်ခံလူ ငြိမ်းချမ်းသည်လည်း အသင်း၏ အဓိက ပွဲထွက် ကစားသမားတစ်ဦးဖြစ်သည်။ မကွေးအသင်းနှင့် ရခိုင်ယူနိုက်တက် အသင်းတို့ပွဲစဉ်ကို လာမည့် ဇွန် ၂၉ ရက်၊ ညနေ ၄း၀၀၊ သုဝဏ္ဏကွင်းတွင် ကစားမည်ဖြစ်ပြီး အဆိုပါပွဲအား Fortune TV မှ တိုက်ရိုက်ပြသမည်ဖြစ်သည်။
၁၃ ပွဲကစားပြီးချိန်တွင် မကွေးအသင်းသည် သုံးပွဲ နိုင်၊ တစ်ပွဲ သရေ၊ ကိုးပွဲရှုံး ရမှတ် ၁၀ မှတ်ဖြင့် အဆင့် ၉ နေရာတွင် ရပ်တည်နေပြီး ရခိုင်ယူနိုက်တက်အသင်းသည် လေး ပွဲနိုင်၊ ခုနစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၁၉ မှတ်
ဖြင့် အဆင့် ၇ နေရာတွင် ရပ်တည်နေသည်။
[/fsn_text][/fsn_column][/fsn_row]