[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ တစ်ပွဲဖြစ်သည့် ရှမ်းယူနိုက်တက်အသင်းနှင့် စစ်ကိုင်းယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ရှမ်းယူနိုက်တက်အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
ရှမ်းယူနိုက်တက်အသင်းသည် ပွဲစတင်သည်နှင့် စစ်ကိုင်းအသင်းဘက်သို့ ဖိအားပေးတိုက်စစ်ဆင်ခဲ့ပြီး စစ်ကိုင်းယူနိုက်တက်အသင်းမှ အကောင်းဆုံးတုံ့ပြန်ကစားခဲ့သည်။ ပွဲချိန် ၂၆ မိနစ်တွင် အိမ်ရှင်ရှမ်းအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ထောင့်ကန်ဘောမှတစ်ဆင့် မက်ဆီမန်မှ ခေါင်းတိုက်သွင်းယူပေးခဲ့သည်။ ပထမဂိုးရရှိပြီး ၁၀ မိနစ်အကြာတွင် ရှမ်းအသင်းမှ ဒုတိယဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ပထမဂိုးကဲ့သို့ပင် ထောင့်ကန်ဘောမှတစ်ဆင့် ၀ီလျံက ခေါင်းတိုက်သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ စစ်ကိုင်းယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုး နှစ်ဂိုး ခွင့်ပြုခဲ့ပြီးနောက် လူစားမှုအချို့ ပြုလုပ်ခဲ့ပြီး တိုက်စစ်မှူး Friday နှင့် အောင်လှိုင်ဝင်းတို့ ၀င်ရောက်ကစားခဲ့သည်။ ပထမပိုင်းအပြီးတွင် ရှမ်းယူနိုက်တက်အသင်းမှ နှစ်ဂိုး ဂိုးမရှိဖြင့် ဦးဆောင်ခဲ့သည်။
ဒုတိယပိုင်းတွင် နှစ်သင်းစလုံးမှ အပြန်အလှန် ထိုးဖောက်ကစားခဲ့ကြသော်လည်း ဂိုးမရခဲ့ပေ။ ထို့ကြောင့် ပွဲအပြီးတွင် ရှမ်းယူနိုက်တက်အသင်းမှ ၂-၀ ဂိုးဖြင့် စစ်ကိုင်းယူနိုက်တက်အသင်းကို အနိုင်ရခဲ့သည်။ ရှမ်းယူနိုက် တက်အသင်းသည် စစ်ကိုင်းအသင်းကို အနိုင်ရခဲ့သည့်အတွက် ၂၀၁၉ ဘောလုံးရာသီ အိမ်ကွင်း ပထမဆုံး နိုင်ပွဲ စတင်ရယူနိုင်ခဲ့ခြင်းဖြစ်သည်။
[/fsn_text][/fsn_column][/fsn_row]