မန္တလေးဇုန် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ အုပ်စုမဲခွဲပွဲအပြီး ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲရောက်နှစ်သင်း တစ်အုပ်စုတည်းကျရောက်

July 2, 2019

[fsn_row][fsn_column width=”12″][fsn_text][/fsn_text][fsn_text]

အသင်းပေါင်း ၁၂ သင်းက အုပ်စု ၄ စုခွဲကာ ယှဉ်ပြိုင်သွားမည်ဖြစ်

မြန်မာနိုင်ငံဘောလုံး အဖွဲ့ချုပ်မှ ကြီးမှူးကာ မြန်မာနေရှင်နယ်လိဂ်နှင့် အဓိက မိတ်ဖက် MPT တို့ ပူးပေါင်းပါဝင်သည့် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲ(မန္တလေး)ဇုန်အတွက် အုပ်စုပွဲစဉ်များ မဲခွဲပွဲ အခမ်းအနားကို ယနေ့ ဇူလိုင်လ ၂ ရက်က မန္တလာသီရိအားကစားကွင်း အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ယမန်နှစ် ဗိုလ်လုပွဲရောက်နှစ်သင်း တစ်အုပ်စုတည်း ကျရောက်နေသည်ကို တွေ့ရသည်။

အုပ်စုပွဲစဉ်များ မဲခွဲအပြီးတွင် အုပ်စု(က)၌ ပြင်ဦးလွင်(က)၊ ကျောက်ဆည်လူငယ်နှင့် ရမည်းသင်းလူငယ်အသင်း၊ အုပ်စု(ခ)တွင် Social Welfare၊ မိတ္ထီလာ(ခ)အသင်းနှင့် ညောင်ဦးလူငယ်အသင်းတို့ ကျရောက်ခဲ့ကာ အုပ်စု(ဂ)တွင် မန္တလေး(က)၊ မြင်းခြံ(ခ)နှင့် ပြင်ဦးလွင်(ခ)အသင်းတို့ တစ်အုပ်စုတည်း ကျရောက်နေခြင်းဖြစ်သည်။ ထို့အတူ အုပ်စု(ဃ)တွင် မိတ္ထီလာ(က)၊ မြင်းခြံ(က)နှင့် မန္တလေး(ခ)အသင်းတို့ ပါဝင်နေလျက်ရှိသည်။

မန္တလေး(ခ)နှင့် မိတ္ထီလာ(က)အသင်းတို့မှာ ပြီးခဲ့သည့်နှစ် ဗိုလ်လုပွဲအထိ တက်ရောက်နိုင်ခဲ့သည့်အသင်းများဖြစ်ပြီး မန္တလေး(ခ)အသင်းက လေးဂိုးပြတ်အနိုင်ရကာ ဗိုလ်စွဲထားခဲ့သည်။

မန္တလေးဇုန် MPT U-14 Football Tournament 2019 ဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၄ ရက်မှ ၁၂ ရက်အထိ မန္တလေးမြို့၊ မန္တလာသီရိအားကစားကွင်း၌ ကျင်းပသွားမည်ဖြစ်ပြီး အဖွင့်ပွဲစဉ်အဖြစ် ဇူလိုင်လ ၄ ရက်နေ့တွင် အုပ်စု(က)မှ ပြင်ဦးလွင်(က)နှင့် ရမည်းသင်းလူငယ်အသင်းတို့ တွေ့ဆုံယှဉ်ပြိုင်သွားရမည်ဖြစ်သည်။

ထို့ပြင် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်နှင့် မြန်မာနေရှင်နယ်လိဂ်တို့ အနေဖြင့် ယူ-၁၄ ဘောလုံးပြိုင်ပွဲနှင့်အတူ MFF – MPT Grassroots Football Festival 2019 ကိုပါ တစ်ဆက်တည်း ကျင်းပပြုလုပ်သွားမည်လည်းဖြစ်ပါသည်။

မြန်မာနိုင်ငံ၏ ဦးဆောင် အော်ပရေတာ MPT နှင့် မြန်မာနေရှင်နယ်လိဂ်တို့၏ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် တစ်စိတ်တစ်ပိုင်း အဖြစ် Grassroots Festival များနှင့် အသက် ၁၄ နှစ်အောက် လူငယ်ဘောလုံး ပြိုင်ပွဲများကို ၂၀၁၈ ခုနှစ်က စတင်၍ ပြည်နယ်နှင့်တိုင်းဒေသကြီး (၈) ကျင်းပပြုလုပ်ခဲ့ပြီးဖြစ်သည်။

ယခုနှစ်တွင် ဒေသနှစ်ခုထပ်မံတိုးချဲ့၍  မြန်မာနိုင်ငံ၏ ပြည်နယ်နှင့်တိုင်း ဒေသကြီး ၁၀ ခုတွင် ကျင်းပသွားပြုလုပ်သွားမည်ဖြစ်ရာ မန္တလေးဇုန်ပြိုင်ပွဲမှာ ယခုနှစ်အတွက် ပထမဆုံးကျင်းပသည့် ပြိုင်ပွဲလည်းဖြစ်ပါသည်။

 

 

[/fsn_text][/fsn_column][/fsn_row]