ကချင်ယူနိုက်တက်အသင်းအား အနိုင်ယူကာ ခုနစ်ပွဲမြောက် နိုင်ပွဲ ရယူခဲ့သည့် မြ၀တီအက်ဖ်စီအသင်း

July 5, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League II 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-11) ပွဲစဉ်တစ်ပွဲဖြစ်သည့် မြ၀တီအက်ဖ်စီအသင်းနှင့် ကချင်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် မြ၀တီအသင်းမှ ၄-၀ ဂိုးဖြင့်
အနိုင်ရခဲ့သည်။

မြ၀တီအသင်းသည် ဦးဆောင်ဂိုးစတင်ရရှိရန် ပွဲကစားချိန်စတင်သည်နှင့် ကချင်ယူနိုက်တက်အသင်းဘက်သို့ ဖိအားပေးတိုက်စစ်ဆင် ကစားခဲ့ပြီး ကချင်ယူနိုက်တက်အသင်းသည် ခံစစ်အသာပေးပုံစံဖြင့်သာ ကစားနိုင်ခဲ့ သည်။ ပွဲချိန် ၂၄ မိနစ်ခန့်တွင် မြ၀တီအသင်းမှ ပင်နယ်တီရရှိသော်လည်း ထက်ဝေဖြိုး၏ ကန်သွင်းမှုကို ကချင်ယူနိုက်တက်အသင်း ဂိုးသမား ဘုန်းပြည်တိုးမှ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့သည်။ မြ၀တီအသင်းသည် ဦးဆောင်ဂိုးရရန် ကြိုးပမ်းသော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့သည့်အတွက် ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျခဲ့သည်။

ဒုတိယပိုင်းပွဲချိန် ၅၄ မိနစ်တွင် မြ၀တီအသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး ကောင်းစည်သူမှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၆၇ မိနစ်နှင့် ၆၉ မိနစ်များတွင် မြ၀တီအသင်းမှ ဒုတိယဂိုးနှင့် တတိယဂိုးများ ထပ်မံရခဲ့ပြီး တိုက်စစ်မှူး နိုင်ဇင်ထက် တစ်ဦးတည်းမှ သွင်းယူပေးခဲ့သည်။ ပွဲချိန် ၇၃ မိနစ်တွင် မြ၀တီအသင်းမှ စတုထ္ထဦးဆောင်ဂိုးထပ်မံရခဲ့ပြီး ကွင်းလယ်သာသာတွင်ရရှိသည့် အလွတ်တည်ကန်ဘောမှတစ်ဆင့် ထက်ဝေဖြိုးက သွင်းယူပေးခဲ့ခြင်းဖြစ်သည်။ ကချင်ယူနိုက်တက်အသင်းအနေဖြင့် မြ၀တီအသင်းဘက်သို့ ထိရောက်သည့် တိုက်စစ်ဆင်မှုမျိုး ပြန်လည် ပြုလုပ်နိုင်ခြင်း မရှိသည့်အတွက်ပွဲပြီးဆုံးချိန်တွင် မြ၀တီအသင်းမှ လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]