[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ်တစ်ပွဲဖြစ်သည့် ရန်ကုန်ယူနိုက်တက်အသင်းနှင့် ရတနာပုံအသင်းတို့ပွဲစဉ်တွင် ရန်ကုန်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ
ခဲ့သည်။
ပထမပိုင်းတွင် ရန်ကုန်အသင်းမှ ဂိုးရရှိရန် ထိုးဖောက်ကစားခဲ့ပြီး ဂိုးရရှိမည့် အခွင့်အရေးများစွာ ရရှိခဲ့သည်။ အလားတူ ရတနာပုံအသင်းသည်လည်း တန်ပြန်တိုက်စစ်ဖြင့် ရန်ကုန်အသင်းဘက်သို့ အကောင်းဆုံး
တုံ့ပြန်ကစားခဲ့ပြီး ဂိုးရရှိမည့် အခွင့်အရေးအချို့ ရခဲ့သည်။ သို့သော် ပထမပိုင်းတွင် နှစ်သင်းစလုံး ဂိုးအဖြစ် မပြောင်းနိုင်သည့်အတွက် ဂိုးမရှိသရေကျခဲ့သည်။
ဒုတိယပိုင်း ၆၅ မိနစ်တွင် ရန်ကုန်ယူနိုက်တက်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး သန်းပိုင်က ကန်သွင်းယူပေးခဲ့သည်။ ရတနာပုံအသင်းသည် ချေပဂိုးပြန်လည်ရရှိရန် ပြန်လည် ကြိုးပမ်းခဲ့ပြီး
ဦးဆောင်ဂိုးရခဲ့သည့် ရန်ကုန်အသင်းသည် ကစားပုံအပျက်များခဲ့သည်။ ရတနာပုံအသင်းသည် ပွဲပြီးခါနီး မိနစ်များတွင် ချေပဂိုးရရှိရန် အခွင့်အရေးအချို့ရခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းနိုင်ခဲ့သည့်အတွက်
ပွဲအပြီးတွင် ရန်ကုန်အသင်းမှ တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]