MNL II

ဇွန်လအတွက် မြန်မာနေရှင်နယ်လိဂ် ၂ အကောင်းဆုံးနည်းပြဆုကို ISPE FC အသင်းနည်းပြချုပ် ဦးအောင်နေဝင်းရရှိ

By arsenalmintharlay

July 06, 2019

မြန်မာနေရှင်နယ်လိဂ် ကော်မတီက ရွေးချယ်ချီးမြှင့်သည့် MPT Myanmar National Leegue II 2019 ၏ ဇွန်လအတွက် အကောင်းဆုံးနည်းပြဆုကို ISPE FC အသင်းနည်းပြချုပ် ဦးအောင်နေဝင်းက ဆွတ်ခူးရရှိခဲ့သည်။

အဆိုပါ အကောင်းဆုံးဆုကို ယနေ့ညနေပိုင်းက စလင်းကွင်း၌ ကျင်းပခဲ့သည့် ISPE FC – Mawyawadi FC ပွဲစဉ်မတိုင်မီ ပေးအပ်ခဲ့ခြင်းဖြစ်ပြီး MPT JO မှ Deputy Department General Manager ဦးကျော်သက်နှင့် ယနေ့ပွဲ ပြိုင်ပွဲကြီးကြပ်အဖြစ် တာဝန်ယူခဲ့သည့် ဦးရဲနိုင်ဦးတို့မှ တက်ရောက်ချီးမြှင့်ပေးခဲ့သည်။

ဦးအောင်နေဝင်းသည် ISPE FC အသင်းကို ရာသီဝက်ချန်ပီယံဖြစ်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့်အပြင် ပွဲစဉ်(၁၁) အပြီးတွင်လည်း ရမှတ် ၂၆ မှတ်ဖြင့် အမှတ်ပေးဇယားဦးဆောင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ ယခုဆုမှာ ၎င်းအတွက် ဒုတိယအကြိမ်မြောက် ရရှိသည့်ဆုလည်းဖြစ်သည်။

မြန်မာနေရှင်နယ်လိဂ်နှင့် မြန်မာနေရှင်နယ်လိဂ်မိတ်ဖက်ပါတနာ MPT တို့ ပူးပေါင်းချီးမြှင့်သည့် အဆိုပါဆုအတွက် အထိမ်းအမှတ်ဆုတံဆိပ်နှင့် ငွေကျပ် ၅၀၀၀၀ ကို ချီးမြှင့်ပေးခြင်းဖြစ်ပါသည်။