[fsn_row][fsn_column width=”12″][fsn_text]
MPT Myanmar National league 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ၏ မေ-ဇွန် တစ်လတာအကောင်းဆုံးကစားသမားဆုကို ရခိုင်ယူနိုက်တက်အသင်းမှ ကွင်းလယ်လူ အဘူဘာကာမှ ရရှိခဲ့သည်။
မေ-ဇွန် တစ်လတာ အကောင်းဆုံး ကစားသမားဆု ချီးမြှင့်ခြင်းကို ယနေ့ ညနေ ၄း၀၀ နာရီက ကစားခဲ့သည့် ဇွဲကပင်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ် မစတင်မီ၌ ကျင်းပခဲ့သည်။ အကောင်းဆုံးကစားသမားဆုရခဲ့သည့် ရခိုင်ယူနိုက်တက်အသင်း ကွင်းလယ်လူ အဘူဘာကာအနေဖြင့် ဆုတံဆိပ်နှင့်အတူ ဆုငွေကျပ် တစ်သိန်းခွဲရခဲ့ပြီး ဆုတံဆိပ်နှင့် ဆုငွေကျပ် တစ်သိန်းခွဲအား MPT Joints Operation Department General Manager ဦးကျော်သက်မှ ချီးမြှင့်ပေးခဲ့သည်။ ဂါနာနိုင်ငံသား အဘူဘာကာသည် ရခိုင်ယူနိုက်တက်အသင်းအတွက် အားထားရသည့် ကွင်းလယ်ကစားသမားတစ်ဦးဖြစ်ပြီး (Week-14) အပြီးတွင် အသင်းအတွက် သွင်းဂိုး နှစ်ဂိုး သွင်းယူပေးထားသူဖြစ်သည်။ မေ-ဇွန် တစ်လတာ အကောင်းဆုံး နည်းပြဆုကို ရှမ်းယူနိုက်တက်အသင်း နည်းပြ ဦးအောင်နိုင်မှ ရရှိခဲ့သည်။
[/fsn_text][/fsn_column][/fsn_row]