နာကျင်အချိန်ပို သွင်းဂိုးဖြင့် ဇွဲကပင်အသင်းကို အနိုင်ယူခဲ့သည့် ရခိုင်ယူနိုက်တက်အသင်း

July 7, 2019

[fsn_row][fsn_column width=”12″][fsn_text]

MPT Myanmar National League 2019 အမှတ်ပေးဘောလုံးပြိုင်ပွဲ (Week-15) ပွဲစဉ်တစ်ပွဲဖြစ်သည့် ဇွဲကပင်ယူနိုက်တက်အသင်းနှင့် ရခိုင်ယူနိုက်တက်အသင်းတို့ပွဲစဉ်တွင် ရခိုင်ယူနိုက်တက်အသင်းမှ
လေးဂိုး သုံးဂိုးဖြင့် အနိုင်ရခဲ့သည်။

နှစ်သင်းစလုံးမှ ပထမပိုင်းစတင်သည်နှင့်တစ်ပြိုင်နက် လျင်လျင်မြန်မြန် အပြန်အလှန် တိုက်စစ်ဆင် ကစားနိုင်ခဲ့ကြသည်။ ပွဲချိန် ၄ မိနစ်တွင် ဇွဲကပင်အသင်းမှ ဦးဆောင်ဂိုးစတင်ရခဲ့ပြီး တိုက်စစ်မှူး ယာဆင်မှ သွင်း
ယူပေးခဲ့သည်။ ဇွဲကပင်အသင်း ဦးဆောင်ဂိုးရပြီး လေးမိနစ်အကြာတွင် ရခိုင်ယူနိုက်တက်အသင်းမှ ချေပဂိုး ပြန်လည် သွင်းနိုင်ခဲ့ပြီး တိုက်စစ်မှူး အောင်သန့်ဇော်က သွင်းယူပေးခဲ့သည်။ပထမပိုင်းအပြီးတွင် တစ်ဂိုးစီ
သရေကျခဲ့သည်။
ဒုတိယပိုင်းပြန်လည်စတင်ရာတွင် ဇွဲကပင်အသင်းမှ နှစ်ဂိုး ဆက်တိုက်ရရှိခဲ့ပြီး ပွဲချိန် ၅၃ မိနစ်တွင် သိန်းတန်၊ ၅၅ မိနစ်တွင် ကမ်တို့က သွင်းယူပေးခဲ့သည်။ သို့သော် ရခိုင်ယူနိုက်တက်အသင်းသည် ဦးဆောင်ဂိုးများ ခွင့်ပြုရပြီးနောက် ကစားအား မကျဘဲ ချေပဂိုးများ ပြန်လည်ရရှိရန် ကြိုးပမ်းခဲ့သည်။ ပွဲချိန် ၆၈ မိနစ်နှင့် ၇၆ မိနစ်များတွင် လူစားဝင်ရောက်လာသည့် ဇော်သိန်းဝင်းက ဒုတိယချေပဂိုးနှင့် တတိယ ချေပဂိုးသွင်းယူပေးခဲ့သည်။ ပွဲပြီးခါနီး နာကျင်အချိန်ပိုမိနစ်တွင် ရခိုင်ယူနိုက်တက်အသင်း အနိုင်သေချာစေမည့် ဂိုးကို တိုက်စစ်မှူး ဆင်မြူရယ်က သွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပွဲပြီးဆုံးချိန်တွင် ရခိုင်ယူနိုက်တက်အသင်းက လေးဂိုး သုံးဂိုးဖြင့် ဇွဲကပင်အသင်းကို အနိုင်ရရှိသွားခဲ့သည်။ ရခိုင်ယူနိုက်တက်အသင်းသည် ယနေ့ပွဲ အနိုင်ရခဲ့သည့်အတွက် ၁၅ ပွဲကစားပြီးတွင် ငါး ပွဲနိုင်၊ ရှစ်ပွဲ သရေ၊ နှစ်ပွဲ ရှုံး ရမှတ် ၂၃ မှတ်ဖြင့် အဆင့် ၆နေရာတွင် ရပ်တည်နိုင်ခဲ့သည်။

[/fsn_text][/fsn_column][/fsn_row]