News

မန္တလေးဇုန် ယူ – ၁၄ ဘောလုံးပြိုင်ပွဲတွင် ကျောက်ဆည်လူငယ်၊ မန္တလေး(က)နှင့် Social Welfare လူငယ်အသင်းတို့ အကြိုဗိုလ်လုပွဲတက်ရောက်

By arsenalmintharlay

July 08, 2019

ကျင်းပလျက်ရှိသည့် MPT U 14 Football Tournament 2019 (မန္တလေး)ဇုန် ဘောလုံးပြိုင်ပွဲတွင် အုပ်စု(ဃ) မှ လွဲ၍ အခြားအုပ်စုများမှ အကြိုဗိုလ်လုပွဲတက်ရောက်ခွင့် ရရှိသည့် အသင်းများအဖြေ ထွက်ပေါ်လာခဲ့ပြီဖြစ်သည်။

ပြိုင်ပွဲတွင် ရာနှုန်းပြည့် နိုင်ပွဲများ ရယူနိုင်ခဲ့ကြသော အုပ်စု (က) မှ ကျောက်ဆည်လူငယ်အသင်း၊ အုပ်စု(ခ)မှ Social Welfare လူငယ်အသင်း၊ အုပ်စု(ဂ) မှ မန္တလေးလူငယ် (က) အသင်းတို့ နောက်တစ်ဆင့်ကို တက်လှမ်းနိုင်ခဲ့ခြင်းဖြစ်သည်။