[fsn_row][fsn_column width=”12″][fsn_text]
ဇွဲကပင်ယူနိုက်တက်အသင်းသည် လာမည့် ဇူလိုင် ၁၄ ရက်၊ ညနေ ၃း၃၀၊ YUSC ကွင်းတွင် ရန်ကုန်ယူနိုက်တက် အသင်းနှင့် ကစားရမည်ဖြစ်ပြီး အဆိုပါပွဲတွင် အသင်းတိုက်စစ်မှူး ယာဆင် ပွဲပယ်ပြစ်ဒဏ်ကြောင့်
လွဲချော်မည်ဖြစ်သည်။
ဇွဲကပင်အသင်း တိုက်စစ်မှူး ယာဆင်သည် အ၀ါကတ် သုံးဝါ ပြည့်ခဲ့သည့်အတွက် သုံးဝါ တစ်ပွဲ ပယ်ခံရခြင်းဖြစ်သည်။ ကင်မရွန်းနိုင်ငံသား တိုက်စစ်မှူး ယာဆင်သည် ဇွဲကပင်အသင်းသို့ ဒုတိယအကျော့တွင် ရောက်ရှိလာသူဖြစ်ပြီး လေးပွဲ ကစားပြီးတွင် သုံးဂိုး သွင်းယူပေးထားသည်။ ၁၅ ပွဲကစားပြီးချိန်တွင် ဇွဲကပင်ယူနိုက်တက်အသင်းသည် သုံးပွဲ နိုင်၊ ခြောက်ပွဲ သရေ၊ ခြောက်ပွဲ ရှုံး ရမှတ် ၁၅ မှတ်ဖြင့် အဆင့် ၈ နေရာတွင် ရပ်တည်နေသည်။ ရန်ကုန်ယူနိုက်တက်အသင်းသည် ၁၅ ပွဲကစားပြီးချိန်တွင် ကိုးပွဲ နိုင်၊ သုံးပွဲ သရေ၊ သုံးပွဲ ရှုံး ရမှတ် ၃၀ မှတ်ဖြင့် အဆင့် ၁ နေရာတွင် ရပ်တည်နေသည်။
[/fsn_text][/fsn_column][/fsn_row]